အပိုင်း၁၄
ဟန်ဘင်းတို့clubကိုရောက်သွားတော့ pool partyလည်းဖြစ်တာမို့ ပိုပြီးလူစည်နေတယ်။မီးရောင်စုံတွေနဲ့လူတွေကြားထဲတိုးဝင်တော့ဟန်ဘင်း ဟာအိုလက်ကလေးကို တင်းတင်းဆုတ်ကိုင်ထားလိုက်တယ်။ ဂျီဝန်းက နေရာလွတ်စားပွဲတစ်ခုကိုတွေ့တော့ သူတို့ကိုညွှန်ပြရင်းရှေ့ကဦးဆောင်သွားလေတယ်။မက်တပ်ရပ်စားပွဲဆိုတော့ ရပ်နေရင်း ဟန်ဘင်း ဟာအိုကိုလူတိုက်မိရင်လဲသွားမှာစိုးလို့လက်တစ်ဖက်နဲ့ခါးလေးကိုဖက်ထားလိုက်ေလတယ်။သူတို့ရောက်တော့ အရက်လာချပေးတာနဲ့ ဟန်ဘင်း ဟာအိုလက်ထဲကော့တေးတစ်ခွက် ထည့်ပေးတော့ ဟာအိုက ကိုင်ပဲကိုင်ထားတာနဲ့...."သောက်လိုက်......စိတ်လှုပ်ရှားတာသက်သာအောင်...''
ဟာအိုခေါင်းငြိမ့်ပြီးသောက်လိုက်လေတယ်။ဟန်ဘင်းကတော့ သူ့သူငယ်ချင်းတွေနဲ့ wiskeyထည့်ထားတဲ့ခွက်ကိုcheerလုပ်ပြီး ဆူညံနေအောင်အော်ဟစ်ပြီး တစ်ခွက်ပြီးတစ်ခွက်သောက်လေတော့တယ်။ဒီလိုပတ်ဝန်းကျင်က မရောက်ဖြစ်တာကြာပေမယ့်လဲဟန်ဘင်းအတွက် စိမ်းမနေပါ။နည်းနည်းအရှိန်ကောင်းလာတော့ဂွန်ဝုက...
"သွားကကြရအောင်''
ဟန်ဘင်းခေါင်းငြိမ်ပြ ပြီး ဟာအိုလက်ကိုဆွဲလိုက်ပြီး DJstage အောက်မှာ ကနေကြတဲ့ လူတွေကြားထဲတိုးဝင်လိုက်တော့ ဟာအိုကိုယ်လေးကြုံသွားပြီးဟန်ဘင်လက်ကို ပိုတိုးပြီးဆုတ်ကိုင်လာတယ်။ ဟန်ဘင်းလှည့်ကြည့်ပြီးတော့ ဟာအိုခါးလေးကိုပွေ့ကာ သူ့ရှေ့ကိုပို့လိုက်တယ်။သူကနောက်ကနေဟာအိုကို သူ့ရင်ခွင်နဲ့ထိန်းထားပေးကာ ဟာအိုနားလေးကိုကပ်ပြီး...
"ကလိုက် ...ဟာအို''
ဟာအိုသူ့ကိုလှည့်ကြည့်ကာ သူမကတတ်ကြောင်းခေါင်းရမ်းပြတော့ သူအရင် ခုန်ပြီးကပြလိုက်တော့မှ ဟာအိုကြာလာတော့သူ့လို လိုက်ခုန်လာလေတယ်။သောက်ထားတဲ့အရက်ကအရှိန်တက်လာတာလဲပါတာပေါ့။သူ့ရှေ့မှ လက်မြှောက်ပြီး ခုန်နေတဲ့ ဟာအိုကမောလာရင် သူ့ဘက်လှည့်ပြီး သူ့ခါးကိုဖက်ကာ ရင်ခွင်ထဲမှာ ခဏအမောဖြေလေတယ်။pool party ဖြစ်တာ မို့ ေရတွေလဲ ပက်ကြရာ သူရော ဟာအိုရော နှစ်ယောက်လုံးစိုရွှဲနေကြပြီ ။
![](https://img.wattpad.com/cover/347117085-288-k755943.jpg)