အပိုင်း ၁၂

890 77 2
                                    


အပိုင်း၁၂

"ကျန်းဟာအို ...ဒီနေ့ကိုယ်နဲ့အိပ်နော်..''

ဟန်ဘင်းစကားကြားတော့ ကျန်းဟာအို shavingလုပ်ပေးနေရင်း.သူ့ကို ကြည့်လာတယ်။ခဏနေကျန်းဟာအိုဆီက အသံလေးတစ်ခုထွက်လာပါတော့တယ်။ကျန်းဟာအိုလန့်ပြီးကျို့ထိုးသွားတာပါ။ဟန်ဘင်း ရီလိုက်မိပြီး..

"ကျန်းဟာအို...ဘာတွေတွေးနေလဲ''

"ဘယ်သူကဘာတွေးလို့လဲ...''

ဟန်ဘင်းကိုပြန်ရန်ထောင်ပါတော့တယ်။ပြီးတော့ shavingလုပ်တာပြီးသွားတာမို့ ဟန်ဘင်းမျက်နှာက ကျန်နေသေးတဲ့shaving creamတွေကို wet tissueနဲ့သုတ်ပေးပြီး ဘေစင်ပေါ်က ဇွတ်ဆင်းလာတော့တယ်။ဟန်ဘင်း ဘေစင်ကိုလက်ထောက်လိုက်တာမို့ ဟာအိုကအလိုလို ဟန်ဘင်းရင်ခွင်ထဲရောက်သွားတော့တယ်။ကျန်းဟာအိုခေါင်းလေးငုံပြီး....

"ပြန်တော့မယ်...နောက်ကျနေပြီ...''

"ဘယ်သူကပြန်ပို့ပေးမယ်ပြောလို့လဲ..''

ဟာအိုသူ့ကိုမော့ကြည့်ပြီး တကယ်လန့်နေတဲ့ပုံပေါက်တာမို့....

"မပြန်ပါနဲ့။ဟာအိုလဲနေမကောင်းဖြစ်ထားတာကို ဒီမှာသက်တောင့်သက်သာနားလို့ရတာပဲ။ကိုယ်ဘာမှမလုပ်ဘူး ကတိပေးတယ်''

အဲ့တော့မှကျန်းဟာအိုသူ့ကိုပြုံပြလာတယ်။ဟန်ဘင်း ဟာအိုကိုပွေ့ဖက်လိုက်ပြီး...

"မသိရင်သူ့ကိုအလိုမတူပဲ အနိုင်ကျင့်တော့မှာကျနေတာ။ခုနကအရင်လာနမ်းတာ ဘယ်သူလဲ''

ဟာအိုသူ့ရင်ခွင်ထဲကနေမော့ကြည့်ပြီး မျက်စောင်းထိုးပါတော့တယ်။
ဟန်ဘင်းရီလိုက်မိပြီး ...

"လာ....သွားအိပ်ကြစို့''

ဟန်ဘင်းဟာအိုလက်ကိုဆဲွဲပြီး ကုတင်ပေါ်ခေါ်သွားတော့တယ်။ဟန်ဘင်းအိပ်ယာပေါ်လှဲလိုက်ပြီးနောက် ကျန်းဟာအိုလဲသူ့ဘေးမှာဝင်လှဲပါတယ်။ဟန်ဘင်းရဲ့အိပ်ယာကနဂိုကြီးတာမို့ သူနဲ့ဟာအိုကြား လူတစ်ယောက်စာလောက်ကွာဝေးနေသေးတာမို​့ သူဟာအိုကိုလှန်းဆွဲပြီး ခါးလေးကိုဖက်ကာ သူ့ရင်ခွင်ထဲကိုထည့်ထားလိုက်တယ်။ဟာအိုသူ့ရင်ဘက်နဲ့မျက်နှာအပ်ထားတာမို့ ဟာအိုမျက်နှာလေးကိုမေးကနေဆွဲမော့ကာ...

Unchangeable LoveDonde viven las historias. Descúbrelo ahora