အပိုင်း ၂၀
စာမေးပွဲတွေပြီးတော့ ဟန်ဘင်းတို့ခရီးထွက်ဖြစ်ခဲ့ကြတယ်။သူကနိုင်ငံခြားခရီးစဉ်သွားချင်ပေမယ့် ဟာအိုကတော့နိုင်ငံတွင်းပဲ နှင်းတွေရှိတဲ့နေရာသွားချင်တယ်ဆိုတာနဲ့ နှင်းလျှောစကိတ်ကွင်းကိုပဲရွေးဖြစ်သွားကြတယ်။ခရီးသွားဖို့ ဟာအိုအရမ်းတက်ကြွနေတာမို့ သူဘေးကကြည့်မြင်ရတာတောင်ပျော်ရပါတယ်။
ခရီးမသွားခင် လိုတာတွေဝယ်ဖို့ဆို ပြီးShopping ထွက်တော့လည်း နဂိုသိပ်နှမျောတတ်တဲ့ဟာအိုကCouple hoodie Couple padding Couple shoesတွေဝယ်ပါလေတော့တယ်။သူ့ကိုလည်းလိုချင်တာကိုလက်ညှိုးထိုးပြီးပူဆာတတ်လာတာမို့ သူ့အံ့ဩဝမ်းသာဖြစ်ရပါသေးတယ်။ဒီလိုတက်ကြွနေပြီး ဖြစ်ချင်တာကိုမျိုသိပ်မထားတတ်တဲ့ ဟာအိုကိုသူတွေ့ချင်နေခဲ့တာကြာပါပြီ။
ခရီးသွားတဲ့နေ့ရောက်တော့ အရင်ကားစီးရတာကြာပြီဆိုတာနဲ့အိပ်ပျော်တတ်တဲ့ဟာအို ဒီနေ့တော့ မျက်လုံးကိုပြူးပြီး ကားထဲမှာသီချင်းတွေဖွင့်ပြီးလိုက်ဆို သူ့ကိုလည်း လက်ကလေးကိုမိုက်လိုလုပ်ပြီး သူ့ရှေ့ထိုးပေးကာဆိုခိုင်းပြီး အတော်ပျော်နေရှာပါတယ်။
သီချင်းဆိုရတာမောသွားတော့ ဝယ်လာတဲ့မုန့်တွေကိုရန်ရှာပါတော့တယ်။Snackတွေအကုန်လုံးလိုက်ဖောက်ပြီး နည်းနည်းချင်းစီစား သူ့ကိုလဲခွံကျွေး မစားချင်လဲဇွတ်ကျွေးပါတော့တယ်။မစားဘူးဆိုရင်လည်းစိတ်ကောက်မှာစိုးရတာနဲ့ စားရပြန်သေးတယ်။အာရုံကအဲ့ဘက်ရောက်နေတော့ Navication တွေမှားဖတ်မိပြီး လမ်းတွေလွဲတော့ မုန့်တွေရန်ရှာနေရာက သူ့ဆီရောက်လာပါတော့တယ်....
"ဟန်ဘင်းကလေအာရုံကိုမရှိဘူး...၃၀၀မီတာနေရင်ကွေ့ရမှာပါဆိုနေတာကို..''
"ပြန်သွားလို့ရပါတယ်ဟာအိုရယ်...''
သူပြေရာပြေကြောင်းပြောတာလဲမမှီတော့ပါ စိတ်ကောက်ပါလေတော့တယ်။ဟာအိုကြောင့်အာရုံတွေလွင့်ပြီးလမ်းလွဲတာလို့ပြောရင် သူအရိုက်များခံလေရမလားတောင်မသိပါ..
"ဟာအိုအိပ်ချင်ရင်အိပ်လေ...ရောက်ရင်ကိုယ်နှိုးလိုက်မယ်...''
ပိုဆိုးသွားလေတော့သည်။သူ့ဆီကိုမျက်စောင်းတစ်ချက်ပါရောက်လာပြီး...
