ဆောင်ဟန်ဘင်းတစ်ယောက် ဖုန်းကိုစိုက်ကြည့်နေရင်း ဒူးကိုဆက်တိုက်နှ့ံနေလေတယ်။ဘေးမှာထိုင်နေတဲ့ ဂျီအာ စာထဲအာရုံမရောက်တော့ပဲ"ဟန်ဘင်း ဘာတွေဖြစ်နေလဲ။ဂဏာမငြိမ်နေတာ အတော်ကြာနေပြီ''
"ဟင်...ဟုတ်လား'' ဟန်ဘင်းကိုယ်တိုင်တောင်သတိမထားမိလိုက်ပဲ ပြန်မေးလိုက်မိတယ်။
"ဟုတ်တယ်။တစ်ပတ်လောက်ရှိပြီ။ဘာတွေဖြစ်နေလဲ။ ငါ့အတန်းကိုလဲမလာဘူး။ကော်ဖီဆိုင်မှာပဲ လာလာတွေ့နေရတယ်''
ဟုတ်ပါတယ်။သူ့ကို ထမင်းလိုက်ကျွေးမယ်ဆိုပြီးပုံပြင်ပြောသွားတဲ့ ကျန်းဟာအို တစ်ပတ်လုံးသူဆီခုထိဖုန်းဆက်မလာဘူး။သူ့အတန်းပဲလိုက်သွားရမလား။အဲ့ဒါဆိုရင်လည်း သူကထမင်းလေးတစ်နှပ်အတွက်အတန်းထိလိုက်ရှာရလားဆိုပြီး ေကျာ်မကောင်းကြားမကောင်း။အဲ့ဒါကြောင့် ကျောင်းနားကကော်ဖီဆိုင်မှာ အချိန်ပြည့်နီးပါးသူစောင့်နေခဲ့တာ။ဟာအိုကော်ဖီလာဝယ်ရင် မထင်မှတ်ပဲတွေ့သလိုဟန်ဆောင်ပြီး ရင်းနှီးခွင့်များထပ်ရလေမလားဆိုတဲ့အတွေးနဲ့။ဒါပေမယ့်လဲ အရင်တစ်ပတ်ကတော့ မချိန်းထားပဲနဲ့ နှစ်ခါတောင်တွေ့ခဲ့ပြီး။ ဒီအပတ်သူစောင့်နေတော့မှ အရိပ် အယောင် တောင်မမြင်ရပါ။ခုလဲ သူဂျီအာဆီ မသွားဖြစ်နေတော့ ဂျီအာကသူ
ရှိတဲ့နေရာမေးပြီးလိုက်လာရရှာတယ်။သူဘာတွေဖြစ်နေလဲသူကိုယ်တိုင်တောင်မသိတာ ဂျီအာကိုဘယ်လိုပြန်ဖြေရမလဲ။"ဘာမှမဖြစ်ပါဘူး။ဒီတိုင်းပါပဲ''
"ဘာလဲ အတန်းထဲလာရတာငြးီငွေ့သွားလို့လား။အခုဒီကော်ဖီဆိုင်ကိုဓာတ်ကျနေလို့လား''
ဆောင်ဟန်ဘင်းပြုံးပြီး
"ဟုတ်မယ်နဲ့တူတယ်''
ဂျီအာသဘောကျစွာရီပြီး
"ငါကတော့ နင်ပြောင်းသွားတဲ့အကြိုက်တွေ လိုက်မြကိုက်လဲရတယ်မို့လား။ ငါနောက်အပတ်ထဲ thesisအတွက် Tripသွားရမှာ။တောထဲမို့ဖုန်းလိုင်းမိဖို့မလွယ်ဘူး။နင်ခုလိုလုပ်နေရင်ငါဘယ်လိုစိတ်ချပြီးသွားမလဲ''
ဂျီအာ အဲ့လိုပြောလိုက်တော့လဲ သူဂျီအာကိုသနားသွားပြီး...
"အင်းပါ။နင်အတန်းတက်တော့မှာမို့လား။ငါလိုက်ပို့ပေးမယ်။ငါလဲအတန်းသွားတက်ဦးမယ်''
![](https://img.wattpad.com/cover/347117085-288-k755943.jpg)