အပိုင်း ၁၇
" ကိုယ်နဲ့လက်ထပ်ပေးနိုင်မလား...ကျန်းဟာအို''ဟာအိုဒီနေ့အတွက်တော့ ပျော်ရွှင်မှုတွေအဆုံးမသတ်နိုင်တဲ့နေ့လေးတစ်နေ့ပါပဲ။ဟန်ဘင်းကသူ့ကိုproposeလုပ်နေတာလား။သူထင်မှတ်မထားမိတာကြောင့်မျက်ရည်ဝဲသွားမိတယ်။ဟန်ဘင်းကသူ့နဖူးလေးကိုနမ်းပြီး....
"ဒါတရားဝင်Proposeလုပ်တာတော့မဟုတ်သေးဘူး။ကိုယ်ဘွဲ့ရပြီးရင် သေချာလေးProposeလုပ်ပေးမှာမို့ခုကbookingတင်ထားတာ...''
သူခေါင်းကိုအကြိမ်ကြိမ်ညိမ့်ပြမိတယ်။သူ့အတွက်ဘဝမှာဒီထက်ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ဆိုတာရှိလာနိုင်မှာမဟုတ်တော့ပါဘူး။ခဏနေတော့ဟန်ဘင်းသူ့ကိုဖက်ထားရင်းက လွှတ်လိုက်ပြီး ဘောင်းအိပ်ကပ်ထဲကဗူးလေးတစ်ဗူးကိုထုတ်ယူလိုက်တယ်။ပြီးတော့သူ့ကိုဗူးလေးကိုဖွင့်ပြီးပြတော့ဆဲွဲကြိုးလေးတစ်ကုံး။အပြာနုရောင်ကျောက်အလုံးလေးကို Dolphinလေးကဖက်ထားသလိုဒီဇိုင်းလေးနဲ့လောကပ်သီးလေးပါသေးတယ်။သူ့လည်ပင်းကိုဆွဲကြိုးလေးဆွဲပေးလာတယ်။
"Dolphin လေး....ဟာအိုလဲသဘောကျလိမ့်မယ်ထင်လို့ဝယ်လာခဲ့တာ...ဒါလေးနဲ့အရင်bookingတင်ထားမှာမို့...ဟာအိုကိုယ့်ကိုလက်ခံပေးနိုင်မလား''
ဟန်ဘင်းကသူ့ဆီကအဖြေတောင်းနေခဲ့တာပဲ။ဒီတစ်ခါတော့ ဟာအို သူဟန်ဘင်းဆီကယူနေတာတွေများပြီမို့သူလည်းပြန်ပေးချင်ပါတယ်။ဟန်ဘင်းရဲ့ လည်တိုင်ကိုသူ့လက်တွေနဲ့သိုင်းဖက်လိုက်ပြီး ဟန်ဘင်း နှုတ်ခမ်းလေးကိုအမှတ်တရအနမ်းလေးခြွေလိုက်ရင်း....
"ကိုယ့်တစ်ဘဝလုံးဟန်ဘင်းအတွက်ပဲဖြစ်စေရမယ်...''
ဟန်ဘင်း သူ့အဖြေကိုသဘောကျစွာပြုံးလိုက်ပြီးသူ့ခါးတွေကိုသိုင်းဖက်လာကာ သူ့နှုတ်ခမ်းလေးတွေကိုအနမ်းတွေပြန်ဆက်လေတော့တယ်။ဟန်ဘင်းနဲ့ဘယ်နှစ်ခါနမ်းနမ်း သူ့အတွက်ရင်ခုန်နေဆဲပါ။ ဟန်ဘင်းရဲ့အနမ်းတွေကတစ်ဖြည်းဖြည်းမသိမ်မွေ့နိုင်တော့သူသိလိုက်တယ်။
ဟန်ဘင်းသူ့ခါးတွေကို တင်းတင်ကျပ်ဖက်ထားပြီး နှုတ်ခမ်းတွေကိုမက်မက်မောမောနမ်းရှိုက်ကာ အားရသွားတော့မှ နှုတ်ခမ်းလေးတွေကိုလျှာနဲ့သပ်ပြီး ဟန်ဘင်း သူနဲ့နဖူးလေးချင်းထိထားလေတယ်။ဟန်ဘင်းရဲ့အသက်ရှုသံပြင်းပြင်းတွေကသူ့မျက်နှာလေးပေါ်လာရိုက်ခက်လာကာ...