ဂျီအာအိမ်ထဲရောက်ရောက်ချင်း ဟန်ဘင်းခါးကိုသိုင်းဖက်လိုက်ပြီး ....
"ဒီနေ့ မောင်နဲ့ပျော်စရာအချိန်လေးတွေ ဖန်တီးရအောင်လာခဲ့တာ''
ဂျီအာကပုံမှန်ဆိုမောင်လို့ခေါ်လေ့မရှိပဲ သူနဲ့နှစ်ယောက်ထဲကမ္ဘာဖန်တီးတဲ့အခါမှသာခေါ်လေ့ရှိတာပါ။ဟန်ဘင်း ဘာမှပြန်မပြောနိုင်သေးခင် ဂျီအာက သူ့ရင်ခွင်ထဲကထွက်ပြီး ထမင်းစားခန်းဘက်ကိုထွက်သွားလေတယ်။ဟန်ဘင်းနောက်ကလိုက်သွားတော့ ထမင်းစားစာပွဲကနေ သူ့ကိုစိုက်ကြည့်နေတဲ့ကျန်းဟာအို။ကျန်းဟာအိုမျက်ဝန်းတွေက တုန်ရီနေသယောင်ယောင်။လက်ထဲက ခရင်းကိုတင်းတင်းဆုတ်ကိုင်ထားပုံရပြီး
ဂျီအာက ကျန်းဟာအိုကိုတွေ့သွားတော့
"မောင် ဧည့်သည်ရောက်နေတာပဲ''
ဟန်ဘင်း ဘာစကားမှမပြောနိုင်အောင်အာစေးထည့်ထားသလိုဖြစ်နေမိပြီး
သူခေါင်းထဲမှာ အားပြင်းတဲ့ဗုံးတစ်ခုပေါက်ကွဲ သွားသလိုခံစားချက်မျိုး။
ဂျီအာကတော့ ကျန်းဟာအိုရှေ့ဝင်ထိုင်လိုက်ပြီး...
"မောင့်သူငယ်ချင်းကနာမည်ဘယ်သူလဲဟင်''
"ကျန်းဟာအို ပါ''
ဟာအိုခပ်တိုးတိုးလေးဖြေလေတယ်။
"ဟန်ဂျီအာပါ....ဟန်ဘင်းချစ်သူ...သိပြီးလောက်ပြီးမို့လား။ဟန်ဘင်းနဲ့ဂျီအာနဲ့ကို တစ်ကျောင်းလုံးကသိကြတော့လေ''
ကျန်းဟာအို....ဟန်ဘင်းကိုလှမ်းကြည့်လိုက်တယ်။ဟန်ဘင်းဟာအိုအကြည့်တွေကိုမရင်ဆိုင်နိုင်။သူ့ကိုကြည့်နေတဲ့ဟာအိုမျက်ဝန်းတွေက သူ့ကိုစိတ်နာနေလား။ဒါမှမဟုတ် သူ့ကိုလူယုတ်မာတစ်ယောက်လိုတွေးနေလေပြီလား။
"အင်း....သိပါတယ်''
ဟာအိုအလိုက်သင့်ဖြေလိုက်တာ ဟန်ဘင်းသိလိုက်ပါတယ်။ဟန်ဘင်း ဟာအိုကိုကြည့်ရင်းနဲ့ဝင်ထိုင်လိုက်တယ်။
"ထင်ပါတယ်။ဟန်ဘင်းကိုသိရင်ဂျီအာကိုလည်းသိရမှာပေါ့။ဟန်ဘင်းနဲ့ကဘယ်လိုသိကြတာလဲ''
ဟာအိုဟန်ဘင်းရှိတဲ့ဘက်ကိုလှည့်ကြည့်ပြန်ပြီးတော့...
"ကိုယ့်စာသင်ခန်းလိုက်ရှာပေးရင် ရင်းနှီးခဲ့တာ''
