အပိုင်း ၉
ကျန်းဟာအို သူ့ရှေ့မှာရပ်နေတဲ့တစ်ယောက်ကိုကြည့်လိုက်မိတယ်။ဂျီအာ...
"ကျန်းဟာအို...ခဏလောက်စကားပြောလို့ရမလား''
သူသဘောပေါက်လိုက်ပါတယ်။ဂျီအာ ဟန်ဘင်းနဲ့ပတ်သတ်ပြီး ပြောစရာရှိနေခဲ့မှာပါ...
"အင်း....ကေျာင်းရှေ့ကကော်ဖီဆိုင်မှာစောင့်နေပေးမလား...''
"ကောင်းပြီလေ....''
ဂျီအာထွက်သွားပြီးမကြာမီ သူ့နောက်ကအချိန်ပိုင်းဝင်မယ့်ကျောင်းသားကို စောဝင်ပေးဖို့အကူအညီတောင်းပြီး ကော်ဖီဆိုင်ကိုလိုက်သွားခဲ့တယ်။
"ကျန်းဟာအို...''
ဂျီအာ သူထိုင်နေတဲ့ ချောင်ကျကျစားပွဲနား ကလက်လှမ်းပြတော့ ဟာအိုသွားပြီး ဂျီအာနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တော့....
"ကျန်းဟာအို.... ဘာသောက်တတ်မှန်းမသိလို့ ယောကျာ္းလေးဆိုတော့ အမေရိကန်နိုကြိုက်လိမ့်မယ်ထင်လို့မှာပေးထားတယ်''
သူ အမေရိကန်နိုမကြိုက်ပါ။ဒါပေမယ့်သူ့ကိုယောကျာ္းလေးတစ်ယောက်ဖြစ်ကြောင်းအသိဝင်စေချင်လို့ဂျီအာပြောမှန်းသိပါတယ်။
"အင်း....သောက်ပါတယ်''
"ကွေ့ဝိုက်ပြောရတာသဘောမကျလို့..လိုရင်းပဲပြောချင်တယ်''
"ကိုယ်လဲ ပြက်သားတာသဘောကျပါတယ်''
"ဟန်ဘင်းနဲ့မပတ်သတ်ပဲနေပေးလို့ရမလား ကျန်းဟာအို''
ဟာအို ဂျီအာနဲ့မျက်လုံးချင်းဆုံအောင်ကြည့်လိုက်မိတယ်....
"ဟာအို...ဟန်ဘင်းကိုခင်တယ်မို့လား။ဟာအိုကြောင့်ဟန်ဘင်း ပတ်ဝန်း ကျင် ကရှုံ့ချခံရတာမျိုးကို ဖြစ်စေချင်လို့လား''
ဟာအိုဘာမှပြန်မဖြေနိုင်အောင် တိတ်ဆိတ်နေမိတယ်။
"ဟာအို ဟန်ဘင်းအကြောင်းဘယ်လောက်သိလဲ။ဟန်ဘင်းကသိပ်အပြောင်းလဲမြန်တာ။လိုချင်တာရှိရင်လဲ ရရမှကျေနပ်တယ်။သူ့ဘဝကလဲ မရနိုင်တာမရှိခဲ့တော့လေ။ခုလည်း ကျန်းဟာအိုအပေါ်မှာ အဲ့လိုခံစားနေရတယ်ထင်တယ်။ခဏတာဖြစ်တဲ့ခံစားချက်ကို သူစိတ်အလိုလိုက်ပြီး လူတွေကဲ့ရဲ့ခံရတာမျိုး ဟန်ဘင်းကိုမကြုံစေချင်ဘူး''
