အပိုင်း ၅

825 70 2
                                        

အပိုင်း ၅
ဟန်ဘင်း ကားကိုရုတ်တရက်ဘရိတ်ဆောင့်အုပ်လိုက်တယ်။ကျန်းဟာအိုပြောတာကိုသူနားကြားများမှားသွားတာလား။နားကြားမမှားဘူးဆိုရင် သူဟာအိုကိုနမ်းလိုက်မိတာကို ဟာအိုကဘယ်လိုသဘောမျိုးတွေးသွားတာလဲ။

"ခဏ....ခဏ ...ဟာအို...ကိုယ်မရှင်းဘူး။ခုနက ​​ဖြစ်သွားတာက ဟာအို အဲ့လိုလူမျိူးမှန်းသိလို ကိုယ်က လုပ်လိုက်တယ်လို့ထင်သွားတာလား''

ကျန်းဟာအို သူ့ဘက်ကိုလှည့်ကြည့်ရင်း မျက်ရည်တွေဝဲနေလေတယ်။အဲ့တော့မှာ သူလုပ်လိုက်တဲ့အမှားဟာတော်တော်ကြီးသွားမှန်းသိလိုက်ရတယ်။

"မဟုတ်ဘူး....ဟာအို....မဟုတ်ဘူး။ဟာအိုထင်သလိုမဟုတ်ဘူး။ကိုယ်စိတ်မထိန်းနိုင်လို့ဖြစ်သွားတဲ့ကိစ္စ။ဟာအိုရဲ့ဖြစ်တည်မှုအပေါ်မှာကိုယ်နည်းနည်းလေးမှ သံသယမရှိခဲ့သလို အထင်သေးတာမျိုးလဲမရှိဘူး''
"ကိုယ့်မှာ သူငယ်ချင်းဆိုလို့ ဟန်ဘင်းပဲရှိတာပါ။ဟန်ဘင်းသိသွားပြီး ကိုယ့်ကိုဆက်မခင်နိုင်တော့မှာစိတ်ပူနေခဲ့မိတာ''

ကျန်းဟာအိုပြောနေရင်းမျက်ရည်တွေစီးကျလာတယ်။ဟန်ဘင်း အားလုံးဟာသူ့အပြစ်တွေပဲဆိုတာသိလိုက်တယ်။ဟာအိုကိုသူ့ရင်ခွင်ထဲရောက်အောင်ဆွဲဖက်လိုက်တယ်။ဟာအိုဆံပင်လေးတွေကိုလက်ကလေးနဲ့ဖွဖွလေးသပ်ပေးရင်း....

"မဆိုင်တာတွေကိုစိတ်ပူနေတယ်...ဒီခေါင်းသေးသေးလေးမလေးဘူးလား။ဟာအိုဘာပဲဖြစ်နေနေ ကိုယ်ကဟာအိုဆီကထွက်မသွားပါဘူး''

ကျန်းဟာအို ပိုတိုးပြီးငိုနေတယ်ထင်ပါတယ်။သူ့ရင်ဘက်မှာစိုစွတ်နေတဲ့အထိအတွေ့ကိုပိုခံစားလာရတယ်။အရင်တုန်းကသူ့ရဲ့ဖြစ်တည်မှုကြောင့် သူ့ကိုထားသွားကြတဲ့သူငယ်ချင်းတွေများရှိနေလားဆိုတဲ့အတွေးနဲ့တင် ပူလောင်လာတယ်။သူဟာအိုကိုရင်ခွင်ထဲကပြန်ထုတ်ပြီး မျက်နှာလေးကို လက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်တယ်။မျက်ရည်တွေကို လက်မလေးနဲ့ဖွဖွလေးသုတ်ပေးရင်း....

"မငိုနဲ့တော့...ညနေကျကျောင်းသွားရဦးမယ်မို့လား။စာကြည့်တိုက်က အချိန်ပိုင်းအလုပ်ပြီးရင် ကိုယ်လာကြိုလှည့်မယ်...ဟုတ်ပြီလား''

Unchangeable LoveWhere stories live. Discover now