အပိုင်း ၆

687 70 3
                                    

အပိုင်း ၆
ဒီနေ့ ကျန်းဟာအို ဟန်ဘင်းအိမ်လိုက်ခဲ့မယ်ဆိုတာနဲ့ ဟာအိုသင်တန်းအပြီး ဟန်ဘင်းသွားကြိုလေတယ်။

" ညစားမစားရသေးဘူးမို့လား''

"အင်း.....''

"လမ်းမှာဝင်ဝယ်သွားမယ်လေ''

"ဟန်ဘင်း ကိုယ်ချက်ကျွေးတာစားချင်လား''

"ဟာအိုက ချက်တတ်တယ်လား''

"အင်း....နည်းနည်း''

"Wow. ..ကျန်းဟာအို မလုပ်တတ်တာဘာရှိလဲ''

ဟန်ဘင်းစနောက်တော့ ကျန်းဟာအို ရီလေတယ်။

"အိမ်မှာချက်လို့ရတာဘာရှိလဲ''

ဟန်ဘင်း ရှက်ပြုံးပြုံးလိုက်ရင်း....

"ကိုယ်သေချာမသိဘူး...''

"အဲ့ဒါဆို Martတစ်ခုခုဝင်လိုက်လေ....ဟန်ဘင်းဘာစားချင်လဲ''

"ဟာအိုချက်ကျွေးချင်တာအကုန်စားတယ်....''

"ကောင်းပြီလေ...ပြီးတော့မှနောင်တမရနဲ့နော်...''

"ချက်ကျွေးမယ်ဆိုတဲ့စေတနာနဲ့ကို ဘယ်တော့မှနောင်တမရဘူး''

ဟန်ဘင်း သူ့အိမ်နဲ့နီးတဲ့martတစ်ခုမှာ ကားရပ်လိုက်တယ်။Martထဲမှာ ဟန်ဘင်းကစျေးခြင်းတွန်းရင်း ဟာအိုက လိုတာတွေလိုက်ဝယ်တော့ ဟန်ဘင်းစိတ်ထဲ သူတို့နှစ်ယောက်ရဲ့ဒီလိုအချိန်လေးတွေ အမြဲတမ်းရနေရင်ကောင်းမယ်လို့တွေးမိပါသေးတယ်။ကျန်းဟာအို ဝိုင်ကောင်တာနားရောက်တော့...

"ဟန်ဘင်း...ရွေးလေ...ဘာကောင်းလဲ''

"ကိုယ့်အိမ်မှာ ဝိုင်ရှိတယ်''

"ဒါတော့ ရှိမှန်းသိသားပဲ''

ဟန်ဘင်း ရီလိုက်မိတယ်။သူတို့နှစ်ယောက်စျေးဝယ်ပြီး ဟန်ဘင်းအိမ်ကိုသွားလိုက်ကြတယ်။ကျန်းဟာအို ကားပေါ်ကဆင်းပြီး elevator ပေါ်တက်ကတည်းက အံ့ဩသွားရတယ်။ပုံမှန်ဒါမျိုးနေရာက ကျောင်းသားတစ်ယောက်နေဖို့ အတွက် အရမ်းကို ခမ်းနားလွန်းနေတာပါ။ဟန်ဘင်း အိမ်ရှေ့ရောက်တော့ passwordနှိပ်ပြီး တံခါးဖွင့်လိုက်တော့ ကျန်းဟာအို ပိုအံ့ဩသွားတယ်။

အိမ်ရှေ့ဧည့်ခန်း ကသာမန်အိမ်တစ်ခုစာလောက်ကျယ်ပြီး ဆိုဖာ TV လိုင်ကာ ခြေတံရှည်မီးအိမ်လေးတွေနဲ့ မျက်နှာကျပ်မှာ ချိတ်ထားတဲ့ မီးဆိုင်းတွေကအစ Luxuryဆန်တာသိသာပါတယ်။ဟန်ဘင်းက သူတို့ဝယ်လာတွေကို ထမင်းစားခန်းကိုသွားထားပြီး ဧည့်ခန်းကနံရံတစ်ဖက်ဆီကိုသွားလိုက်တယ်။

Unchangeable LoveOù les histoires vivent. Découvrez maintenant