"ဆိုင်က နည်းနည်းတော့ဝေးတယ်။ဟာအိုအချိန်ရလား''"အင်း...ရပါတယ်''
"အရင်ရက်တွေက ဘာတွေလုပ်ဖြစ်နေလဲ''
"ဒီတိုင်း....ဒီတိုင်းပါပဲ''
ဟာအိုမဖြေချင်တာလား။ဖြေစရာပဲ အဖြေမရှိလေလား။သူ့မှာတော့ တစ်ပတ်လုံး မနားမနေဘာတွေလုပ်နေလို့ သူ့ကိုမဆက်သွယ်လဲလို့ အတွေးများစွာနဲ့...
"ဒီရောက်ပြီး...ဘာကပင်ပန်းဆုံးလဲ''
" စာသင်တာကို လိုက်မီအောင်ကြိုးစားရတာ ထင်ထားတာထက်ပိုခက်တယ်။လုပ်နိုင်ပါ့မလားလို့လဲတွေးမိတယ်''
"လုပ်နိုင်မှာပါ....ဒီထိတောင်ရောက်လာအောင်လုပ်နိုင်သေးတာပဲ''
ဟာအိုပြုံးပြီး
"အင်း.... တော်သေးတာပေါ့ ဟန်ဘင်းရှိနေလို့''
ဟာအိုစကားကြောင့် ဟန်ဘင်းလှည့်ကြည့်လိုက်တယ်။သူကတော့ရိုးရိုးပြောတာပါ။ဆန်းဆန်းတွေးနေတာက ဟန်ဘင်း။ဟာအိုကတော့သူ့ကိုကြည့်မနေပါဘူး။ကားမှန်ပြတင်းကနေအပြင်ကိုငေးပြီးပြောနေခဲ့တာပါ။ဆိုင်က မြို့ပြင်မှာဆိုတော့ တော်တော်မောင်းခဲ့ရတယ်။
ဟန်ဘင်းကLuxuryဆန်တဲ့ဆိုင်မျိုးလေးတွေသဘောကျတာမို့ သူသွားနေကျ မြို့ပြင်က တိတ်ဆိတ်ပြီးအေးဆေးတဲ့ဆိုင်လေးကိုခေါ်လာခဲ့တယ်။ဟာအိုကားပေါ်ကဆင်းဆင်းချင်း မှန်တွေအပြည့်ကာထားပြီးမီးရောင်မှိန်မှိန်လေးထွန်းထားတဲ့ ဆိုင်လေးကိုကြည့်ပြီး ခပ်တိုးတိုးလေး'wow'ဆိုတဲ့အာမေဋိတ်လေးရေရွေတ်လိုက်မိတယ်။သူတို့၂ယောက်ဆိုင်ထဲက စားပွဲတစ်ခုမှနေရာယူပြီး ဟန်ဘင်းကတော့ မှာဖို့menuလေးတောင်းနေလေတယ်။ဟာအိုကတော့ နေရာသစ်ဆိုတော့ ဟိုဟိုဒီဒီလိုက်ကြည့်နေလေတယ်။menu ရတော့ ဟာအိုဆီကို ဟန်ဘင်းကမ်းပေးလိုက်တယ်။ ဟာအို menuကိုကြည့်ပြီး ပါးစပ်လေးခပ်ဟ ဟပွင့်သွားတယ်။ ဟင်းတစ်ပွဲစာက သူ့အချိန်ပိုင်းလုပ်အားခ တစ်ပတ်စာလောက်ဖြစ်နေတယ်။ဟန်ဘင်းကတော့..."ဒီက steak ကောင်းတယ်။ဟာအိုစားစေချင်လို့ခေါ်လာခဲ့တာ''
"အင်း...အဲ့ဒါဆို အဲ့ဒါစားကြတာပေါ့''