အပိုင်း ၁၃
ကျန်းဟာအိုအတွက်အချိန်ဆိုတာ ရွှေထက်ရှားတယ်ဆိုတာ ဟန်ဘင်းသိပြီးသားကိစ္စ။တစ်နေကုန် ကျောင်းနဲ့ အချိန်ပိုင်းအလုပ်နဲ့တောင် မအားနေတဲ့ကြားက သူ့ကို တစ္ခုတ္တရ အချိန်ပေးနေရရှာတာ။နေ့ခင်းထမင်းစားချိန်ရောက်ပြီ ဆိုရင် ဟန်ဘင်းနဲ့မှ တူတူစားတာမျိုး။ဆိုင်အကောင်းတွေသွားမစားအားလို့ ကျောင်းမှာပဲစားဖြစ်ရင်တောင် ဟန်ဘင်းနဲ့တူတူစားဖြစ်ဖို့ကအရေးကြီး ပါတယ်ဆိုလာခဲ့တယ်။ဟန်ဘင်းလဲ နောက်ဆုံးနှစ်ဆိုတော့ စာလုပ်ရတာနဲ့မအားနေတဲ့အခါမျိုးတွေရှိလာတာမို့ တွေ့ရတဲ့အချိန်တွေကနည်းသည်ထက်နည်းလာခဲ့တယ်။
ဟန်ဘင်းကိုအချိန်လိုက်ညှိပေးနေရတာနဲ့ကျန်းဟာအိုရဲ့အိပ်ချိန်တွေကနည်းလာတာလဲ ဟန်ဘင်းသတိထားမိလာတယ်။တစ်ခါတစ်လေဆို ဟန်ဘင်းအိမ်မှာstudy dateလုပ်နေရင်းနဲ့ ဟန်ဘင်းရင်ခွင်ထဲတိုးဝင်လာပြီး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားတတ်သေးတယ်။အိပ်ပျော်နေရင်းဟန်ဘင်း အင်္ကျီစလေးကိုဆွဲထားတာဖြစ်ဖြစ် ဟန်ဘင်းရဲ့ လက်လေးတစ်ချောင်းတည်းကိုပဲဆုတ်ကိုင်ထားတာမျိုးလုပ်တတ်တဲ့အကျင့်လေးကိုလဲ ဟန်ဘင်းသိခဲ့ရတော့မှ ဟန်ဘင်းစိတ်ထဲ ကျန်းဟာအိုဘယ်လောက်တောင်များအထီးကျန်ခဲ့လို့ အိပ်ပျော်နေတဲ့ချိန်တောင် ဘေးမှာရှိနေတဲ့လူပျောက်သွားမှာစိုးနေရလဲဆိုပြီး ဂရုဏာသပ်ရတယ်။
ဒါပေမယ့်လဲ ပုံမှန်ချိန်ဆို စိတ်ဓာတ်သန်မာချင်ယောင်ဆောင်တတ်ပြန်ပါသေးတယ်။ကျန်းဟာအိုအချိန်အပိုင်းအလုပ်တွေနဲ့မအားနိုင်ပဲ ပင်ပန်းနေတာမို့ 'အဲ့ဒါတွေမလုပ်ပဲ ကိုယ့်ကိုပဲ မှီခိုလိုက်လို့မရဘူးလား'မေးမိတိုင်း'သူဌေးသားကနေ သူဌေးဖြစ်တဲ့နေ့မှီခိုမယ်'ဆိုပြီး သူ့ဆီက ဘာအကူအညီမှလက်မခံပဲ ခေါင်းမာတာလွန်ပါရော။
အဲ့ဒီထက် ပုံမှန် သူတို့dateလုပ်ရင် ဟန်ဘင်းအိမ်မှာပဲ လုပ်ဖြစ်တာများပါတယ်။တစ်ခါတစ်လေဟန်ဘင်းအိမ်မှာdinnerချက်စားကြပြီး ဟာအိုစာလုပ်စရာရှိတာပါလုပ်ပြီးမှပြန်လေ့ရှိပါတယ်။ဒီနေ့လည်းဟန်ဘင်းနဲ့တူတူစာကြည့်ခန်းထဲမှာစာကြည့်နေကြရင်းအိပ်ချင်တယ်ဆိုပြီး ဟန်ဘင်းအိပ်ခန်းထဲဝင်အိပ်နေတော့တယ်။ဟန်ဘင်းစာကြည့်နေရင်းက အချိန်ကြည့်လိုက်တော့ မနက်၃နာရီရှိနေပြီမို့ ဟာအိုကိုအဆောင်ပြန်ပို့ပေးဖို့မနိုးတော့ပဲထားလိုက်မိတယ်။သူလဲအိပ်တော့မှာမို့ စာကြည့်စားပွဲကအထ ကျန်းဟာအို အိပ်ချင် မူးတူးနဲ့မျက်လုံးလေးပွတ်ကာ အခန်းထဲဝင်လာတော့တယ်။