မိုးရိပ်
အပိုင်း(၁)
#မိုးရိပ်
06120723
"အိမ်ကြီး အိမ်ကောင်းဆိုလို့ ခင်ဗျားတို့ တစ်အိမ်ပဲ ရှိတာ မလား.."
"အေးဗျာ..ကိုယ့်ဆီက ကလေးတွေ ပညာရေး အတွက် သူ့မှာ တနယ်က လာရတာပဲ...လခ မယူပဲတောင် အိမ်ခေါင်းရင်း တင်ထားသင့်တာပါဗျာ..."
"ခင်ဗျားတို့ ငွေရေးကြေးရေး ပြေလည်နေတာ သိပေမဲ့...ကျောင်းဆရာကြီး က အားနာတက်တော့ အဲလိုဆို လက်ခံမှာ မဟုတ်ဘူးဗျ.."
"အင်း...မိသားစုလိုက်ဆိုတော့ မိသားစုက များလား.."
" လေးယောက်တည်းပါ..အကြီးကောင်လေး က မြို့မှာ ကျောင်းတက်နေတော့ စုပေါင်း သုံးယောက်ပဲ နေမှာပါ...အိမ်ဝိုင်းက ဝယ်ပြီးပြီ အိမ်မဆောက်ရသေးတဲ့အချိန်လောက်ပဲ နေမှာပါ..."
"ဒါဆိုလည်းနေပေါ့ဗျာ..အပေါ်ထပ် ပေးထားပါမယ်..."
မနက်စောစော အိမ်လည်လာတဲ့ လူကြီးတွေ ပြန်သွားကတည်းက အမေ နဲ့ ရပ်ကွက်ထဲက မိန်းမကြီး တချို့က အိမ်အပေါ်ထပ်ကို သန့်ရှင်းရေး လုပ်နေကြသည်။
ဝေဖြိုးကတော့ လူကြီးတွေလစ်တုန်း ခြံရှေ့မြောင်းထဲမှာ ရှိနေတဲ့ ငါးတွေကို ဆန်ဇကောဖြင့် လိုက်ခပ်ဖမ်းနေသည်။
"အမလေး..ဝေယံဖြိုးကျော်..ကုန်ပါပြီ..ကုန်ပါပြီ...လာစမ်း.."
လက်မောင်းရိုးသေးသေးက အမေဆွဲမြှောက်တာနဲ့ မြှောက်ပါသွားတော့ လက်ထဲက ဇကောကိုလည်း ဖွက်ဖို့ မမှီတော့ပါ..။
"အပြင်မလွှတ်ရင် အိမ်ဝိုင်းထဲမှာ မျောက်ရှုံးအောင် ကဲတဲ့ကောင်..."
အမေ က နဖူးက ချွေးပြန်တဲ့အထိ အလုပ်လုပ်ထားပေမဲ့လည်း ဝေဖြိုးကိုတော့ တုတ်နဲ့ လေးငါးဆယ်ချက်လောက် ရိုက်နိုင်သေးသည်။
အမေရိုက်ရင် အော်နေကြအတိုင်း ကြောက်ပါပြီ နောက်မလုပ်တော့ပါဘူးကို အာဗြဲသံနဲ့အော်ငိုနေချိန် အဖေ ပြန်လာတာ တွေ့တော့မှ အမေ က ဝေဖြိုးလက်ကိုဆွဲကာ နောက်ဘက် ရေတိုင်ကီ ရှိတဲ့ နေရာကို ဆွဲခေါ်ခဲ့တော့သည်။
YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...