မိုးရိပ်
အပိုင်း (၁၂)
#မိုးရိပ်
03150351
"ဟေ့ကောင်...ပိတ်ရက်ကျ စူပုတ်နေတာပဲ..ဘာဖြစ်ပြန်ပြီလဲ..."
ကျော်မင်းက လှောင်နေပေမဲ့ ဘာမှ မပြောပဲ ကားကို တံခါးဖွင့်ပြီး တက်လိုက်ခိျိန် ပိုပြီး စိတ်တိုသွားရသည်။
သူသုံးနေကျ Elizabeth Arden Green Tea ရေမွှေးအနံ့က ကားထဲမှာ တော်တော်လေးဟောင်နေသည်။
ဝေဖြိုး သေချာ ထိုင်ပြီးတာနဲ့ ကားရှေ့ခန်း နေရာကျဉ်းလေးထဲ မျက်လုံး ဝေ့၀ဲကာ အသည်းအသန်ရှာဖွေ နေမိသည်။
"ဘာလဲဟ.."
"မင်း ဘာ ရေမွှေးစွပ်ထားလဲ..."
"ဟမ်...မစွပ်ပါဘူး...ဘာလို့လဲ..."
"GreenTea နံ့ ရလို့..."
"သြော်..ဒီမှာလေ...လက်ဆောင်ရတာ...ဟေ့ကောင်.."
ကျော်မင်း အကြည့်ရောက်သွားတဲ့ နေရာမှာ ချိတ်ထားတဲ့ အမွှေးထုတ်ကို ဆွဲယူပြီး လွင့်ပစ်လိုက်သည်။
"ဟေ့ကောင်...အသစ်ကြီးဟ..."
"ငါ ပြန်ဝယ်ပေးမယ်.."
"ဘာဖြစ်တာလဲ..."
"အနံ့ရတာတောင် စိတ်ဆင်းရဲလို့..."
"အိုး...ကြည့်ရတာ မိန်းမနဲ့ ရန်ဖြစ်လာပြီ ထင်တယ်...ဟုတ်လား..."
ဝေဖြိုး ဘာမှ မပြောတော့ ကျော်မင်းက တခွီးခွီးနဲ့ ဟားနေပေမဲ့ မသိချင်ယောင်သာ ဆောင်ထားလိုက်မိသည်။
"ဘာဖြစ်ကြတာလဲ..."
"မသိတော့ဘူးကွာ...ငါ တကယ် စိတ်ပင်ပန်းပြီး မွန်းကြပ်နေတာ...တစ်ခါတလေ ထွက်ပြေးချင်တယ်...ဘယ်ကို ပြေးရမှန်းလည်း မသိဘူး..."
"ငါ့အိမ်လာနေမလား..."
ကျော်မင်းက တကယ်ပြောတာမှန်း သိတော့ ဝေဖြိုးစဉ်းစားရသည်။
ကိုယ်က ယောက်ျားလေး ဆိုတော့ အထုတ်ဆွဲ ဆင်းသွားလိုက်ရင် ပြီးသွားပြီ..။
ခက်တာက အမေ..။
အမေက ဒီတိုင်း နေမှာ မဟုတ်ဘူး..။
ဝေဖြိုးကို ဖုန်းဆက်ပြီး တငိုငို လုပ်ပြရင် ပိုပြီး စိတ်ဆင်းရဲရဦးမည်။

YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...