Part 5

2.6K 242 72
                                    


မိုးရိပ်

အပိုင်း (၅)

#မိုးရိပ်

"ရော့...မင့်မစိုး က မင်း အတွက် ထမင်း ထည့်ပေးလိုက်တယ်..."

"အဲဒါကျတော့ ချစ်ဖို့ကောင်းသွားပြန်ကော..."

"မင်း ကို ကြွေနေတယ် ထင်တယ်...မင်း က သောက်ချိုးမပြေသလောက် မိန်းမတွေက ဘာတွေ စွဲမှန်း မသိဘူးကွာ..."

"ဟဲ..ဟဲ...စန်းရှိတာကွ....ဗိုက်ဆာနေတာနဲ့ အတေ်ာပဲ...မနက်ဖြန်တော့ ငါ့မစိုး ကို သွားနှုတ်ဆက်ဦးမှပါလေ.."

ေ၀ ဖြိုး ပြောရင်း ဆိုရင်း မစိုးထည့်ပေးလိုက်တဲ့ ထမင်းထုတ်တွေကို ကပျာကယာ ပန်းကန်ထဲ ထည့်ကာ ထိုင်စားရသည်။

အိမ်က ပို့သမျှ ငွေက မူးယစ်ပစ္စည်းတွေကြောင့် ကုန်သွားတော့ စားဖို့အခက်အခဲဖြစ်သည်။

အကြွေးတွေ များနေတော့ ထမင်းထပ်ယူစားဖို့လည်း အားနာတာနဲ့ ရေသောက်ပြီး အသက်ဆက်ဖို့ ဆုံးဖြတ်ထားတာ..။

အလိုက်သိ စေတနာပိုတဲ့ ထမင်းဆိုင် ပိုင်ရှင်မမ က ေ၀ ဖြိုး အတွက် ရိက္ခာ ပါဆယ် ထည့်ပေးတော့ ကျေးဇူးတင် အကြင်နာ ပိုရသည်ပေါ့လေ..။

"ဝေယံဖြိုး..မင်း အဲဒါတွေ ဆက်သုံးရင် ဖြတ်ဖို့ခက်လိမ့်မယ်...ငါ က စေတနာနဲ့ ပြောတာပါ..."

"ကျစ်...ဖြတ်နိင်ပါတယ်ကွာ..."

ေ၀ ဖြိုး ထမင်းစားပြီးတော့ နောက်ဆုံး လက်ကျန်လေး သုံးဖို့ ပြင်ဆင်ရသည်။

အသစ်အဆန်းမှန်သမျှ စိတ်ပါဝင်စားတက်တဲ့ ေ၀ ဖြိုး အတွက်တော့ ဒီအသစ်အဆန်းက အကောင်းဆုံးပါပဲ..။

.

"ရော့..ဟိုကောင်လေး အတွက် ..."

"ကျွန်တော် က သူတောင်းစားလား.."

"အမလေး..လန့်လိုက်တာ..."

ကောင်းကျော် ကို ထမင်းထုပ် ပေးနေချိန် နောက်ကနေ လှမ်းအော်လိုက်တော့ ရင်ဘတ်ဖိပြီး လှည့်ကြည့်လာသည်။

သနပ်ခါးအဖွေးသားနဲ့ စံပယ်ပန်းတွေ ပန်ထားတဲ့ မစိုးက ဒီနေ့တော့ စေတနာ မေတ္တာ အပိုတွေကြောင့် ပို၍ ချောမောလှပနေသည်။

မိုးရိပ်Место, где живут истории. Откройте их для себя