မိုးရိပ်
အပိုင်း (၉)
#မိုးရိပ်
03020128
"ဘာလို့သွားမှာလဲ ဖြိုးလေးရဲ့..."
"ပျင်းလို့လေ..."
အေ ဘာပြောရမှန်း မသိတော့လို့ သက်ပြင်းတစ်ချက်သာ ချလိုက်ရတော့သည်။
ပွင့်လင်းလိုက်ပုံများ လိုင်းပေါ်က သိတဲ့ ကလေးမတွေနဲ့ မုန့်သွားစားချင်လို့ပါတဲ့..။
ကျော်မင်းလည်း ပါလို့ စိတ်ချပါတဲ့..။
"နော်...နော်လို့..မိုမို..."
"အေ ဘာပြောရမှာလဲ...ဒီလောက် လူလိမ်လူညာတွေ ပေါနေတဲ့ ခေတ်ကြီးမှာ ဘာလို့ ယုံရတာလဲ ဖြိုးလေးရယ်..."
"မိုမိုကလည်း...မိုမို ဖုန်းကို အမြဲစစ်နေတာပဲမလား...ဒီကလေးမလေးတွေက ကျောင်းသူပဲ ရှိသေးတာ...မိုမိုလည်း သိသားပဲ...ပြီးတော့ ကျော်မင်းလည်း ပါတယ်လေ..."
ကလေး တစ်ယောက် အပြင်သွားဆော့ချင်လို့ ပူဆာသလို တဂျီဂျီပြောနေတော့ အေ စိတ်လည်း ရှုပ်ပါသည်။
ငယ်ငယ်တုန်းက ကိုယ်မသိအောင် လုပ်ချင်တာလုပ် ဆော့ချင်တာဆော့တာ မှ တော်သေးသည်။
အခုကျတော့ ကိုယ့်ဆီက ခွင့်ပြုချက်တောင်းနေတာ သူ့အတွက်တော့ အပင်ပေါ်တက်ဆော့ခွင့် တောင်းသလို လွယ်ကူနေသည် ။
ကိုယ့်အပေါ် မသိတက်ရကောင်းလား နားမလည်ရကောင်းလားလို့ တွေးမိတော့လည်း စိတ်ညစ်ရတာသာ အဖက်တင်မည်..။
သူ့ဆီက ပွင့်ပွင့်လင်းလင်း ပြောပြတာကိုပဲ လက်ခံလိုက်ရတော့သည်။
"နောက်တော့ မကျစေနဲ့နော်....အေ ဖုန်းဆက်မှာ..."
"အင်းပါ...စိတ်ချ...."
"ပိုက်ဆံလည်း များများထည့်သွားဦး..."
ကလေး တစ်ယောက် ပျော်သွားသလို သွားကြဲ ရယ်ပြီး လက်ဝါးဖြန့်တော့ မျက်စောင်းထိုးလိုက်ရင်း တစ်သောင်းတန် သုံးရွက်ကို ထုတ်ကာ သူ့ပိုက်ဆံအိတ်ထဲ ထည့်ပေးလိုက်သည်။
"ကျော်မင်း အနားမှာပဲ နေနော်..."
"ဟုတ်..."
"ကောင်မလေးတွေနဲ့ မရှုပ်နဲ့နော်..."
ESTÁS LEYENDO
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...