မိုးရိပ်
အပိုင်း (၂၁)
#မိုးရိပ်
06170850
"မိုမို..."
ဝေဖြိုး မိုးလင်းခါးနီးမှ မှေးခနဲ့ အိပ်ပျော်သွားပေမဲ့လည်း တရေးနိုးလာချိန်မှာ မိုးလင်းနေမှန်း သိလိုက်တော့ အခန်းထဲက ပြေးထွက်သွားမိသည်။
အိမ်ရှေ့ခန်းမှာ မတွေ့တော့ မီးဖိုခန်းထဲကို ဝင်ပြေးမိပြန်သည်။
"မိုမို..."
မိုမို က အဝတ်အစားလဲထားပြီး ဘေစင်မှာ အလုပ်လုပ်နေတော့ ခြေလှမ်းကြဲနဲ့ အနားကို ရောက်သွားကာ အနောက်နေ သိုင်းဖက်လိုက်မိသည်။
"မိုမို ဆိုးလိုက်တာ..ဘာလို့ ဒီနေ့ ကျွန်တော့်ကို မနိုှးတာလဲ..."
ဝေဖြိုး ဖက်ရတာ အားမရလို့ မိုမို့ ပါးလေးကို နှာဖျားတို့ရုံ နမ်းလိုက်တော့ မိတ်ကပ်နံ့ သင်းသင်းလေး ရနေသည်။
မိုမိုကတော့ ဘာစကားမှ ပြန်မပြောပဲ ပန်းကန်ပြား ကို ရေစစ်ကာ စင်ပေါ်ကို တင်ထားလိုက်သည်။
"မိုမို...ညတုန်းက ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို စိတ်ဆိုးနေတာလားဟင်...ကျွန်တော် တောင်းပန်ပါတယ်နော်..စိတ်မထိန်းနိုင်ဘူး ဖြစ်သွားလို့ပါ.."
"ငါတို့က လင်မယားတွေ...ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်စရာလည်း မလိုပါဘူး.."
"..........."
မိုမို က ငါလို့ သုံးလိုက်တော့ ဝေဖြိုး စိတ်ထဲ လစ်ဟာသွားသလို ခံစားလိုက်ရလို့ ပို၍ ဖက်လိုက်မိသည်။
"အလုပ်သွားမလို့...လွှတ်ဦး..."
"........."
ဝေဖြိုး မလွှတ်ပေးပဲ လည်ဂုတ်ကို နှာခေါင်းနဲ့ တရှုံ့ရှုံ့နမ်းရင်း မိုမို့ အနံ့လေး ကို ခံစားနေမိသည်။
"ဖြိုးလေး....လွှတ်ဆို..."
မိုမို က ရုန်းရင်း ဖြိုးလေးလို့ ပြောတော့မှပဲ ဝေဖြိုး လွှတ်ပေးလိုက်ရသည်။
"မိုမို ကျွန်တော့်ကို စိတ်မဆိုးဘူးမလား.."
"စိတ်ဆိုးစရာ အကြောင်းမှ မရှိတာပဲ...ဖြိုးလေးလည်း နောက်ကျဦးမယ်...မြန်မြန်လုပ်တော့.."

KAMU SEDANG MEMBACA
မိုးရိပ်
Romansa"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...