မိုးရိပ်
အပိုင်း (၁၃)
#မိုးရိပ်
03160820
"ဖုန်းကြည့်လှချည်လား.."
"ဟင်..."
ဝေဖြိုး မလုံမလဲဖြစ်ရင်း ဖုန်းကို ဘေးခလုတ်နှိပ်ကာ အပေါ်ထပ် ရှပ်အကျီ ၤ အိတ်ကပ်ထဲ ထိုးထည့်လိုက်ရသည်။
"ဟား..ဟား..."
"ဘာလဲ..."
ကျော်မင်းရဲ့ ဝါးလုံးကွဲရယ်သံကို အမြင်ကပ်လို့ ကြည့်လိုက်တော့ ခေါင်းရမ်းရင်း ရယ်နေသည်။
"-ျီးဖြစ်လို့ အဲလောက်ရယ်.."
"ဘာမှ မဟုတ်ပါဘူးကွာ..ဒီတိုင်း ရယ်မိတာပါဟ..."
"သောက်ဆန်းကြီး..."
ဝေဖြိုး ဆဲလိုက် ဆိုလိုက်တာတောင် စိတ်က မလျော့ချင်သေးပေမဲ့ ဒီကောင် ကားမောင်းနေတာကြောင့် လွှတ်ထားလိုက်ရသည်။
ကားရဲ့ နာရီမှာ ပြနေတာ ညခုနှစ်နာရီ ကျော်နေပြီ...။
အပြန်နောက်မကျရင်တောင် ညနေ ခြောက်နာရီဆိုတာနဲ့ အလုပ်ကပြန်ပြီလား မပြန်သေးဘူးလား မေးဖို့ မိုမို ဖုန်းဆက်နေကျပါ..။
ဖုန်းမဆက်တောင် တနေ့ကုန် နာရီဝက် တစ်ခါလောက် စာ ပို့နေကျပါ..။
အခုလို ညခုနှစ်နာရီသာဆို ဖုန်းပိတ်ထားရလောက်တဲ့ အခြေအနေထိအောင် ဖုန်းတွေ ဆက်တိုက်ဆက်တက်သည်။
ဝေဖြိုး ဖုန်းမကိုင်ရင် ကျော်မင်းကို ဆက်သည်။
အလုပ်က မပြီးသေးဘူးလား ဘယ်အထိ သွားနေရတာလဲဆိုပြီး ရစ်သေးသည်။
အခုတော့ နှစ်ယောက်စလုံးရဲ့ ဖုန်းသံတွေ တိတ်နေတာ ထူးဆန်းလွန်းပါသည်။
ဖုန်းလိုင်းများ မမိလို့လား..။
ဝေဖြိုး စိတ်ထဲ မထင်မကျ ဖြစ်ကာ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ကြည့်မိပြန်သည်။
"ဟေ့ကောင်...မင်းကလေးတွေနဲ့ ချိန်းထားပြန်ပြီလား.."
"ဟင်..."
ကျော်မင်း စကားကို နားမလည်လို့ ဖုန်းကိုင်ထားပြီး မကြည့်အားသေးပဲ သူ့ကို လှည့်ကြည့်မိသည်။
YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...