Part 24

2.8K 255 72
                                    


မိုးရိပ်

အပိုင်း (၂၄)

#မိုးရိပ်

06170943

"ဖြိုးလေး...ဒီမှာနော်..တစ်ခုခုဆို..ဒီနံပါတ်ကို...မဟုတ်ဘူး..တစ်ကို ကြာကြာဖိရင် အေ့ကို ခေါ်တာ သိလား.."

"ကျုပ် ဖုန်းခေါ်တက်ပါတယ်..."

"အင်းပါ...ထမင်းချိုင့်က ဗိုက်ဆာတဲ့ အချိန်စားနော်...သူများ စားတဲ့ အချိန်စောင့်မစားနဲ့နော်...ခေါင်းကိုက်တယ်ဆိုလည်း ဖုန်းဆက်နော်..."

"အင်းပါ.."

"ကျော်မင်း...အစ်မ စိတ်ချမယ်နော်..တစ်ခုခုဆို အစ်မကို ဖုန်းဆက်နော်..."

"ဟုတ်ကဲ့..."

အရင်လို ယူနီဖောင်းနဲ့ ကျော်မင်း ဘေးမှာ ပါသွားပေမဲ့လည်း အေ စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းမိသည်။

ဖေဖေတို့လည်း ပြန်သွားတော့ သူ့ကို တစ်ယောက်တည်း မထားခဲ့ချင်တာနဲ့ အလုပ်လုပ်ရမယ်လို့ ပြောရတော့သည်။

"မလုပ်ချင်ပါဘူး.."

"မလုပ်လို့ မရဘူးလေ...ဖြိုးလေး က ယောက်ျားပဲ...အေ တောင် အလုပ်သွားတာပဲ ဖြိုးလေးက အလုပ်မသွားပဲ နေမလို့လား.."

"ကျုပ် အိမ်မှာ ကျုပ်ဟာကျုပ် နေမှာပေါ့.."

"အေ က သွားတော့မှ ဖြိုးလေး တစ်ယောက်တည်း ကျန်ခဲ့မှာနော်..."

"တစ်ယောက်တည်း....မနေခဲ့ချင်ဘူး..."

ခုတင်ပေါ်မှာ စောင်ခေါင်းမြီးခြုံထားရင်း ခပ်တိုးတိုး ပြောသံက အေ့ကို စိတ်မကောင်းဖြစ်စေသည်။

"အင်းပါ..အလုပ်မှာ ပျော်ဖို့ကောင်းပါတယ်..ဖြိုးလေး သူငယ်ချင်းတွေလည်း ရှိတယ်..ဖြိုးလေးက မသိရင်တောင် သူတို့က သိပါတယ်...နောက်ပြီး ထမင်းချိုင့်ထဲမှာ ဖြိုးလေး ကြိုက်တဲ့ ဟင်းတွေ ထည့်ပေးမယ်လေ...နော်...လိမ်မာပါတယ်...ထပါဦး..."

စောင်ကို အတင်းဆွဲပြီး လက်မောင်းကို ဆွဲထူတော့မှ အိပ်ရာက ထပြီး မျက်နှာသစ် သွားတိုက်တော့သည်။

ရေတော့ သူ့ဟာသူ ချိုးပေမဲ့လည်း ယူနီဖောင်းဝတ်စုံကိုတော့ သေချာ မဝတ်တက်လို့ ခါးပတ်ပတ်ပေးပြီး အကျီ ၤ ကော်လံလည်း သေချာ နေရာချပေးရသည်။

မိုးရိပ်Where stories live. Discover now