မိုးရိပ်
အပိုင်း (၁၁)
#မိုးရိပ်
03140314
"ဘာကြော်ငြာတာလဲ..."
"ငါတို့နဲ့ မဆိုင်တဲ့ ရာထူးတွေပါကွာ...မင်းအစ်မအတွက်တော့ အသုံးဝင်မှာပါ..."
ဝေဖြိုး လှမ်းယူပြီး ဖတ်ကြည့်လိုက်တော့ စင်ကာပူက အခြေစိုက်ရုံးက အလုပ်ခေါ်တာဖြစ်နေသည်။
"လစာက များပေမဲ့ ငါတို့လို အဆင့်တော့မရဘူးလေ..မင်းအစ်မတော့ ရတယ်...အနည်းဆုံး သုံးနှစ်တော့ လုပ်ရမယ် ထင်တယ်...ဘယ်လိုလဲခွဲနိင်မှ ပြလိုက်နော် ဆရာ..."
"ဘာလို့မခွဲနိုင်ရမှာလဲ....မြန်မြန် သွားစေချင်တာ...သုံးနှစ်လောက် နားအေးနေရော နည်းလား..."
"ဟား..ဟား...အကြံပက်စက်တာ...မိန်းမကို နားညီးလို့ ရောင်းစားမှာ ကမ္ဘာမှာ မင်းတစ်ယောက်တည်း ရှိမယ် ထင်တယ်..."
"မင်း က ဘယ်ကိုယ်ချင်းစာတက်မလဲ...ရှိမှမရှိတာ..."
"အင်း...ထားပါတော့..."
ဝေဖြိုး ကတော့ စာရွက်ကို ဖတ်ကြည့်ရင်း မိုမို့ကို အတင်းတိုက်တွန်းဖို့သာ စဉ်းစားမိသည်။
ဒါမှ နားအေးမှာပဲ..။
ညတုန်းကလည်း ဝရန်တာမှာ ထွက်ရပ်တာ ကြာလို့ ဆိုပြီး ဆူသေးသည်။
ဝေဖြိုး ဘဝမှာ အစစ အရာရာ မျက်လုံးဒေါက်ထောက်ပြီး လိုက်ကြည့်ခံရတဲ့ ဒီဒုက္ခကို ခံရခက်ဆုံးပါပဲ..။
အိမ်ပြန်ရောက်တာနဲ့ ဘာများပြောတော့မလဲလို့ တွေးပြီး ထိုင်ရာက ထဖို့တောင် အမြဲ စိုးရိမ်နေရသည်။
အိမ်ပြန်ရောက်လို့ ဝင်အိပ်ရုံပဲ ဆိုတာတောင်မှ ခုတင်က အခင်းက တွန့်လို့ ဆိုပြီး ဆူချင်ဆူတာပါပဲ..။
အမေ ဆူတာကမှ ညအိပ်ချိန်တို့ ဘာတို့ လွတ်ဦးမည်..။
ခုတော့ တရေးနိုးရင်တောင် အဆူခံချင်ခံရတာပဲ..။
"ဝေကြီး..."
"ပြော..."
ဝေဖြိုး ပစ္စည်းစာရင်းဖိုင်ကို ဖွင့်ပြီး ဖတ်ကြည့်နေရင်း ဘေးမှာ ကားမောင်းနေတဲ့ ကျော်မင်းကိုလည်း ပြန်ထူးလိုက်သည်။

KAMU SEDANG MEMBACA
မိုးရိပ်
Romansa"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...