Part 4

2K 211 31
                                    

မိုးရိပ်

အပိုင်း (၄)

#မိုးရိပ်

"အဟွင်း...ကိုဝေယံဖြိုး က ဟာသ ပြောတက်လိုက်တာ..."

"အိုး..အဲဒါ ဟာသ မဟုတ်ဘူး...ခိုင်...ကိုယ့်ဘ၀ အဖြစ်မှန်တွေပါ..."

"အင်းပါ...ရယ်မိတာက...အလွဲလေးတွေက ချစ်စရာကောင်းလို့ပါ..."

"လူကကော...."

ခိုင်မာလွင် က မျက်နှာလေး ပန်းသွေးရောင် ပြေးသွားကာ မျက်လွှာချသွားတော့ ဝေဖြိုး လည်း ခပ်ရဲရဲပဲ ငေးကြည့်နေလိုက်သည်။

ခိုင်မာလွင်က ဝေဖြိုး တွဲခဲ့တဲ မိန်းကလေးတွေမျိုး ချောလှ လူတကာငေးရသည်မျိုး မဟုတ်ပေမဲ့ လှတစ်မျက်နှာ ယဉ် တစ်ကိုယ်လုံးဆိုတဲ့ စကားပုံနဲ့ လိုက်ဖက်သည်။

ရှေးဆန်တဲ့ မိဘ အသိုင်းအဝိုင်းက ဗိုင်းကောင်း ကျောက်ဖိ မိန်းကလေးပေမို့ ခြေလှမ်းတာက အစ စကား ပြောတာ အဆုံး စတိုင်တမျိုးလေးနဲ့  စွဲမက်စရာ ကောင်းပါသည်။

ပထမနှစ်တုန်းက တရားဝင် မတွဲလိုက်တဲ့ သူငယ်ချင်းလိုလို ချစ်သူလိုလို ကောင်မလေး နှစ်ယောက်ကလည်း ခုတော့ ချစ်သူ ကိုယ်စီ ရနေပြီ..။

ဝေဖြိုးလည်း ဒုတိယနှစ်ရောက်ပြီဆိုတော့ နည်းနည်း အဆင့်မှီအောင် ချစ်သူထားဖို့အတွက် ပစ်မှတ် ရွေးချယ်တဲ့ အခါ ချောတာ လှတာလေးတွေကျတော့ မာနကြီးပြီး ဝေဖြိုး အတွက်လည်း ရိုးလွယ် အီလွယ်သည်။

ခိုင်မာလွင်ကျတော့ အကဲခပ်နေရသလောက် အမြင်ရိုးသွားတာမျိုး မဟုတ်ပဲ သူ့နေပုံထိုင်ပုံ ဝတ်ပုံ စားပုံ ရိုးရိုးလေး က ဆန်းသစ်နေသလို ရှိသည်။

ဝေဖြိုးကလည်း ရိုးရိုးအေးအေးလေးတွေနဲ့ မတွဲဖူးသေးတော့ ခိုင်မာလွင် ကို တွဲကြည့်ချင်သည်။

အချောအလှလေးတွေ နောက်ကို ယောက်ျားအားလုံး လိုက်နေပေမဲ့ ခိုင်မာလွင်ကို ချည်းကပ်တာဆို ဝေဖြိုးနဲ့ ကျန်တဲ့ နှစ်ကောင် လောက်သာ ရှိသည်။

တခြားကောင်တွေကတော့ လိုက်ငေး စာပေး အဆင့်ပါပဲ.။

ဝေဖြိုးကတော့ အတင်းလိုက်ရော လိုက်ပေါလို့ စကားပြောနိုင်တဲ့ အဆင့်ထိ တက်လာခဲ့တာ..။

မိုးရိပ်Where stories live. Discover now