မိုးရိပ်
အပိုင်း (၁၇)
#မိုးရိပ်
06140419
"ကိုေ၀ က မိန်းမပွေတယ်...တစ်ရွာလုံး သူ့ကောင်မလေးချည်းပဲ...အဲ့အထဲမှာ မချိုဇင်က ကိုဝေ့ ငယ်ချစ်ဦး ရည်းစားဦးလေ...ခုချိန်ထိ အပျိုကြီးပဲ..."
"ဟေ့ကောင်...မင်း မအိပ်နိုင်သေးဘူးလား..."
"အဟွင်း...နေပါစေ..ဖြိုးလေးရဲ့...ကလေးနဲ့ စကားပြောနေတာကို...လာရှုပ်နေတယ်..."
ဝေဖြိုး ပြောလိုက်ပေမဲ့ မိုမို က ပြန်ပြောပြီး အမေ က ရယ်နေတော့ အောင့်သပ်သပ်ဖြင့် ဖုန်းပြန်ကြည့်နေလိုက်သည်။
"အဖေ ရယ်...ဂုတ်ဆွဲခေါ်သွားတာ...မချိုဇင်က မယူနိုင်ဘူး ပြောလွှတ်တာ..."
'ဒီခွေးကောင်တော့..."
"ဟေ့ကောင်..ကလေး က မှန်တာ ပြောနေတာပဲဟာ...မင်း မိုးမိုး ကို ကျေးဇူးတင်နော်..မင့်ကို ဘယ်မိန်းမ မှ လိုချင်ကြတာ မဟုတ်ဘူး.."
"အဖေက ပါ ဝင်ကြပ်နေပြန်ပါပြီ..စိတ်ညစ်လိုက်တာ.."
ဝေဖြိုး ခေါင်းကုတ်ပြီး ထ လာခဲ့တော့ တစ်မိသားစုလုံးက ဝိုင်းဟားရင်း ကျန်ခဲ့ကြသည်။
အဖေတို့အမေတို့က ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း သမားတွေ ဆိုပေမဲ့ ဝေဖြိုးကတော့ မိုမို့ကို အားနာတာရယ် အထင်လွဲသွားမှာရယ်ပါ တွေးကြောက်နေမိသည်။
ခြံဝိုင်းထဲ ထွက်လာပေမဲ့ အိမ်ဘက်ကိုတော့ နားစွင့်ထားမိချိန် စကားဝိုင်းက ဆရာကြီးတို့ အကြောင်းဆီ ရောက်သွားလို့ တော်ပါသေးသည်။
ဝေဖြိုး ကို မတွေ့ရင် ပြောစရာ ဆူစရာ အကြောင်းတွေလည်း မေ့နေလို့ မန်ကျည်းပင် အောက်မှာပဲ တစ်ယောက်တည်း ထိုင်ပြီး ဖုန်းနှိပ်နေမိသည်။
"ကိုကြီး..ရွာပြန်ရောက်တော့ စာဥနဲ့တွေ့ပြီး စမီးတို့ကို ပလစ်ထားတာနော်..."
"မဟုတ်ပါဘူး.."
ဝေဖြိုး စာပြန်လိုက်ရင်း အိမ်ဘက်ဆီကို အကြည့်ရောက်သွားမိသေးသည်။
"ဟုတ်ပါတယ်...ရွာပြန်တာတောင် အကြောင်းမကြားဘူး..ကိုကျော်မင်း ပြောမှ သိရတယ်...ခုတလော တမျိုးပဲ...တနေကုန်တောင် စာလေး တစ်ကြောင်း မပို့ဘူး..."

ESTÁS LEYENDO
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...