မိုးရိပ်
အပိုင်း (၈)
#မိုးရိပ်
03010216
"ဖြိုးလေး...အနွေးထည်ဝတ်သွားပါဆို..."
"ကားထဲမှာက ပူနေတာပါ..."
"လေစိမ်းတိုက်ရင် အေးတာပဲလေ...ဖျားချင်သလို ဖြစ်နေတာမလား..."
ဝေဖြိုး ဘာမှ မပြောတော့ပဲ မိုမို အတင်းပေးနေတဲ့ အနွေးထည်ကို ယူကာ လက်ထိုးပြီး ဝတ်ပြလိုက်ရသည်။
ကားပေါ်ရောက်တော့မှပဲ ချွတ်ပစ်လိုက်တော့မည်..။
"ဟော..ထမင်းချိုင့်က မေ့ခဲ့ပြန်ပါပြီ...."
'သြော်...အင်း.."
ဝေဖြိုး တမင်ထားခဲ့ပေမဲ့လည်း အော်ခေါ်ပြီး ပြောတော့ ခေါင်းကုတ်ရင်း ယူလိုက်ရသည်။
အစား မရွေး စားတက်တဲ့ ဝေဖြိုးက ဘယ်နေရာ ရောက်ရောက် အဆင်ပြေပေမဲ့လည်း မိုမို လက်တည့်စမ်း ချက်သမျှကို စားကြည့်ဖို့တော့ အတော်ကြောက်ပါသည်။
ထမင်းချိုင့်ကို လွဲကိုင်ရင်း လှေကားတွေကို ဆင်းလာချိန် လမ်းပေါ်မှာ ခိုင်နဲ့တူတဲ့ မိန်းကလေး တစ်ယောက်ကို တွေ့တော့ လိုက်ငေးနေမိသည်။
အင်း...ခိုင်နဲ့သာ ညားရင်တော့ ဘယ်ပြောကောင်းလိုက်မလဲနော်..။
ချစ်သူရည်းစား ဘဝတောင် ဝေဖြိုးလို ကောင်ကို တန်ဖိုးထား လေးစားပြသေးတာ။
လက်သာထပ်ဖြစ်ရင် မနက်ဆို ရေဖလား အသင့်နဲ့ မျက်နှာသစ်ဖို့ စောင့်မှာပဲ..။
အခုတော့ မိုမိုက ဝေဖြိုး နာတက်မဲ့ စကားတွေနဲ့ ဆူပြောပြီးကို နှိုးတာ..။
"တစ်ခါ မရ နှစ်ခါမရ နဲ့ ဖြိုးလေး က ယောက်ျား ပျင်းမှန်း သိသာလိုက်တာ"တဲ့။
အဖေ ပြောနေကျ စကားကို ကိုယ့်မိန်းမ ဖြစ်လာသူဆီက ကြားရတဲ့အခါ အတော်လေးကို နားခါးပါသည်။
မောင်နှမလိုပဲ နေပါတော့မယ်လို့ ကိုယ့်ဘက်က တောင်းဆိုထားတာ ဆိုတော့ ယောက်ျားသိက္ခာကို ထိခိုက်အောင်တော့ မပြောပါနဲ့လို့လည်း ပြောမရဘူးလေ..။

YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...