Part 19

3.1K 280 73
                                    


မိုးရိပ်

အပိုင်း(၁၉)

#မိုးရိပ်

02080423

"ဘယ်လိုလည်း...မင်းတို့ အဆင့်တက်ခဲ့ပြီလား.."

"ငါ့အမေနေမကောင်းလို့ ဆေးရုံ ဆေးခန်း ရောက်နေရတာကို အဆင့်တက်မလားဟ.."

"ဟား..ဟား..တက်ချင်နေပြီ ဆိုပါတော့...."

"......."

အေ ဝရန်တာကို ထွက်လာရင်း ကြားလိုက်ရတဲ့ စကားတွေကြောင့် ရင်တုန်သွားသော်လည်း ရှေ့ကို ဆက်တိုးလိုက်တော့ သူက ဖုန်းကို ကပျာကယာ အသံပိတ်ပစ်လိုက်သည်။

မေမေကြီး စိတ်ပူသလို အဆက်ဟောင်းနဲ့ ပြန်ဆက်သွယ်နေတာ မဟုတ်သော်လည်း ခုမှ တွေ့တဲ့ မိန်းကလေးတွေက ဆယ်ယောက်ကျော်မက ရှိနေသည်။

အဆင့်တက်မယ်ဆိုတာ ဘာကို ပြောတာလဲ..။

ယောက်ျားချင်းမို့ ပွင့်ပွင့်လင်းလင်း ပြောနေကြတာ ဆိုပေမဲ့ အေ ကတော့ သူ့ကို ဘယ်လို ထုတ်မေးလို့ရပါ့မလဲ..။

"အေး..မနက်မှ တွေ့မယ်ကွာ..ဒါပဲ.."

သူက ဖုန်းချလိုက်တော့ အေ လက်ထဲက အဝတ်တွေကို အဝတ်တန်းပေါ် လွှားတင်လိုက်သည်။

"မိုမို...ပေး...ကျွန်တော် လှန်းမယ်..."

"......."

အေ့ လက်ထဲက ခြင်းထောင်းကို ဆွဲယူပြီး ချကာ မနက်စောစော သူထလျှော်ထားတဲ့ သူ့အဝတ်တွေကို ချိတ်မှာ ချိတ်သည်။

မေမေကြီး ပြောတာ အိမ်အလုပ် လုပ်ဖို့ မပြောနဲ့ ကိုယ့်ထမင်းပန်းကန်တောင် ကိုယ်မဆေးချင်ဘူးတဲ့..။

အေ က ဆူပြောပြီး ခိုင်းမိတော့ သူက နာပြီး မှတ်ထားတယ် ထင်ပါရဲ့..။

မနေ့ညက မှ ပြန်ရောက်တာ..။

သူပြန်ရောက်တာ မိုးချုပ်နေတော့ တန်းအိပ်ရုံပါပဲ..။

မနက်ကျတော့ နိုးစရာမလိုပဲ မနက်စောစော ပြန်ထပြီး သူ့အဝတ်အစားတွေ အကုန်လျှော်ထားလို့ အေ အံသြရပါသည်။

အခုလည်း ကျော်မင်းနဲ့ စကားပြောပြီး ပျော်နေပုံပါပဲ။

မနေ့တုန်းက ညနေကားနဲ့ ပြန်လာတာ ဆိုပေမဲ့သူပြန်ရောက်တော့ ည ကိုးနာရီခွဲနေပြီ..။

မိုးရိပ်Место, где живут истории. Откройте их для себя