မိုးရိပ်
အပိုင်း (၁၈)
#မိုးရိပ်
06140717
"သား...ထမင်းလည်း ချက်ထားတယ်....အဖေ့ အတွက် ငါးကြော်နဲ့ မန်ကျည်းရွက် ချဉ်ဟင်းချက်ပေးထားတယ်...နောက် အမေ က အနာမကျက်သေးဘူးဆိုလို့ ညောှ်မရအောင် ကြက်သားကြော်ထားတယ်..အမေစားဖို့လေ...."
"အမလေး...သားလေးက လိမ်မာလိုက်တဲ့ ရွှေသားလေး..."
ဝေဖြိုး လွယ်အိတ်နဲ့ ခြင်းထောင်းတွေကို သယ်ရင်း အမေ ဖက်နမ်းနေတဲ့ အငယ်ကောင်ကို အမြင်ကပ်မိသည်။
ဒီကောင့်မမွေးခင်တုန်းက အမေက ငါ့ကို အချစ်ဆုံးပါ..။
ဒီခွေးလေး မွေးလာတော့မှ ကျောင်းလည်း တစ်ယောက်တည်းသွားရ အမေနဲ့လည်း ဝေးသွားတာ..။
အခုလည်း ကြည့်ပါလား..။
အမေ ခွဲစိပ်တုန်းက လူက မူးလဲမတက် စိတ်ပူပြီး ဆုတောင်းရတာ အမော..။
ဆေးရုံမှာ ညစောင့်အိပ်တော့လည်း အမေများ တစ်ခုခု ဖြစ်မလားဆိုပြီး အိပ်တောင် မပျော်ဘူး..။
အိမ်မှာ နေတဲ့ နှစ်ရက်လည်း အလုပ်တောင် မသွားနိုင်ပဲ အမေ့ကိုပဲ စောင့်ကြည့်ပြီး လိုအပ်တာတွေ ပြုစုပေးခဲ့တာ..။
ခုတော့ ရွာလမ်းပေါ် ပြန်ရောက်တာနဲ့ ရွှေသားလေး ဖြစ်သွားပြီ..။
"ကိုဝေပဲလား...မမိုးကော ပြန်မလိုက်လာဘူးလား.."
"အင်း..သူ က အလုပ်ခွင့်ယူလို့ မရလို့..."
"ဟုတ်တယ်...သမီး မိုးမိုးလည်း ပင်ပန်းလိုက်တာ မပြောပါနဲ့...သူက စေတနာ ကောင်းတဲ့ ချွေးမ မို့တော်သေးတယ်..အလုပ်ပျက်ခံပြီး ကို အစစ ပြုစုတာပါ ဈေးလည်းသွား စားချင်တယ် ထင်တာလေးတွေ ချက်ပေးရှာတယ်...ပြန်တော့လည်း မျက်နှာ မကောင်းရှာဘူး...ကျွန်မ က အိမ်ကို စိတ်မချလို့သာ ပြန်လာရတာ...ကိုကျော်ရဲ့..."
အမေ က သူ့ယောက်ျားကိုလည်း ရှင်းပြနေတော့ ဝေဖြိုး အနောက်ကနေ နှာခေါင်းသာ ရှုံ့နေမိသည်။
ရွှေသားလေး ပြီးတော့ ချစ်သမီးလေး အကြောင်း ဋီကာ ဖွဲ့နေပြန်ပါပြီ..။
YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...