Part 23

3.4K 281 81
                                    


မိုးရိပ်

အပိုင်း (၂၃)

#မိုးရိပ်

06170341

"သမီး ကလည်း မတွေးတက်လိုက်တာ...ဘာလို့ ကိုယ့်ဟာကို ဆုံးဖြတ်တာလဲ..."

"အဲဒါ ထားပါဦး...ခု ဘယ်နှစ်ရက် ရှိနေပြီလဲ.."

"ခြောက်ရက်ပါ...မနက်ဖြန်ဆို တစ်ပတ် ပြည့်ပြီ... ပိတ်ရက်က ဖြစ်ကြတာပါ..."

"ဟ...ဒီလောက်ကြာပြီ...ဒီကိစ္စ ကိုမောင်ကျော်တို့ မခင်စန်းတို့ကိုလည်း အသိပေးမှပေါ့..."

အေ ဘာမှ မပြောတက်တော့လို့  ကျလာတဲ့ မျက်ရည်တွေကိုသာ အနိုင်နိုင်သုတ်ပစ်ရင်း ခေါင်းငုံ့ထားမိသည်။

အေ သူနဲ့ ပြဿနာတက်ပေမဲ့လည်း အိမ်ပြန်ရောက်ချိန် မတွေ့တော့ ကျော်မင်းတို့ဆီ သွားနေတယ်လို့ပဲ ပေါ့ပေါ့လေး တွေးခဲ့မိသည်..။

အရင်လို အေ့ အလုပ်ကိုလည်း မလိုက်လာတော့ စိတ်ကောက်ပြီး ဆန္ဒပြနေတယ်ပဲ ထင်ထားခဲ့တာ..။

နောက်ရက်တွေလည်း ပြန်မလာတော့ မေမေကြီးတို့ဆီကို ပြန်ရောက်နေနိုင်တယ်လို့ တွေးပြီး မေမေကြီးတို့ကိုပါ ဖုန်းမဆက်ဖြစ်ဘူး။

ဖေဖေတို့ ဆေးခန်းပြန်ပြဖို့ ရောက်လာမှ သူ့ကိုမေးလို့ အေ အဖြစ်အစုံကို ပြောပြ ရင်ဖွင့်မိသည်။

ဖေဖေတို့က အေ့ဆီမလာခင် ရွာကို ဝင်ခဲ့သေးတယ်လို့ ပြောပြတော့မှ စိတ်ပူမိတော့သည်။

အမေက ဖုန်းဆက်ခိုင်းလို့ ဆက်ပေမဲ့လည်း မကိုင်..။

ကျော်မင်းဆီကို ဖုန်းဆက်ကြည့်မိတော့မှ သူ့ဆီကိုလည်း တစ်ခါမှ မလာဘူးဆိုတာ သိရသည်။

"ဟလို...ဟုတ်ကဲ့...ကိုမောင်ကျော်လား...ဟုတ်ကဲ့...ကောင်းပါတယ်....ဒါနဲ့ ဝေယံဖြိုးကျော် အဲ့မှာရောက်နေသလားလို့ပါ..."

"သြော်..ဒါဆို စိတ်မချစရာပဲ...ကျွန်တော်က ခုပဲ သမီးဆီကို ရောက်တယ်...သူတို့လင်မယား စကားများပြီး ဝေယံဖြိုးကျော် အိမ်က ထွက်သွားတာ တစ်ပတ် ရှိပြီတဲ့...သူ့သူငယ်ချင်းဆီမှာမှတ်လို့ သမီးက ဒီတိုင်းပေါ့ပေါ့နေလိုက်တယ် ထင်တယ်...ခု မေးကြည့်မှ အဲ့ကောင်လေးဆီလည်း မလာဘူးလို့ သိရတာ...ဟုတ်တယ်...ဟုတ်ကဲ့...မေးကြည့်ပါဦးဗျာ..."

မိုးရိပ်حيث تعيش القصص. اكتشف الآن