မိုးရိပ်
အပိုင်း (၇)
#မိုးရိပ်
02281244
"တီ...တီ....တီ...."
"ဟာ...မင့်အဘွားကြီးဟ...ပြောမလား..."
ဝေဖြိုး ခေါင်းရမ်းပြီး ရေသန့်ဘူးကို မော့သောက်နေလိုက်သည်။
"ဟုတ်တယ်...အစ်မ...ကျွန်တော်တို့ ပစ္စည်း လာပို့တာ...ဟုတ်ကဲ့...ခုမှ ချပြီးတာဆိုတော့ တစ်နာရီလောက်ကြာမယ် ထင်တယ်...အာ...အစ်မကလည်း သိရဲ့သားနဲ့...ကျွန်တော်တို့ အလုပ်က ဘယ်မှာ အချိန်နဲ့အလုပ်ဆင်းရလို့လဲ...လမ်းခရီးပေါ် မူတည်ပြီး အနည်းအများ မိုးချုပ်နေတာ ထုံးစံလိုပဲ...အင်းပါ....ကျွန်တော် ကိုယ်တိုင် တက္ကစီ ငှားပြီး ပြန်ပို့ပေးလိုက်ပါမယ်ဗျာ..."
ကျော်မင်း က ဖုန်းချလိုက်ပြီး ပခုံးတွန့် နှုတ်ခမ်းမဲ့ပြတော့ ဘာမှ မတက်နိုင်လို့ ပြုံးရုံသာ ပြုံးမိပါသည်။
ဖုန်းတွေ ခဏခဏ ဆက်နေတာ ဖြေရတာ မောလာလို့ဖုန်းပိတ်ထားလိုက်မိတာနဲ့အနားက လူကိုပါ ဒုက္ခပေးပြီလေ..။
ဒီလို ပုံစံဆို ရှေ့ဆက်ပြီး ကျော်မင်းကို အားနာစရာတွေ များလာပါလိမ့်ဦးမည်။
"မင့်ကျေးဇူးကြောင့် ငါတို့ အလုပ်ပြန်ရချိန် ကို ခုမှ ကုမ္ပဏီဘက်က သိသွားတယ် ထင်တယ်...မင်း က လမ်းတွေ မသိတော့ မိုးချုပ်နေတာ မပြန်တက်မှာ စိုးလို့တဲ့...အိမ်အထိ လိုက်ပို့ပေးမယ် ဟုတ်ပြီလား.."
"ရပါတယ်ဗျာ...ကိုယ့်ဟာကို ပြန်ပါ့မယ်...ပါးစပ်ပါရင် ရွာ ရောက်ပါတယ်..."
ေ၀ ဖြိုး စိတ်ထဲ ရှက်သလိုဖြစ်လို့ ချက်ချင်း ငြင်းပစ်လိုက်မိသည်။
အိမ်ရှေ့အထိ လိုက်ပို့ပေးရလောက်အောင် ကိုယ်က ငါးနှစ်အရွယ် ကလေးမှ မဟုတ်တာပဲ..။
"ဒေါ်ဧပရယ်က မင့်ကို တော်တော်လေး ဂရုစိုက်တာပဲ လူကြီးတွေ ပေးစားတာတောင် ဟုတ်ရဲ့လား မသိဘူး..."
ကျော်မင်းက ကားစက်နိုးရင်း ရိသလိုလို ပြောတော့ ဝေဖြိုး စိတ်ထဲ မခံချင်ပေမဲ့လည်း တစ်ဖက်က မိုမို သိက္ခာ ရှိသေးသည်။
YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...