မိုးရိပ်
အပိုင်း (၃)
#မိုးရိပ်
18010723
"မိုမို...ပိန်သွားတယ်..."
"ဟင်..."
ကျောင်းဆရာ နဲ့ သူ့မိန်းမ အနားမှာ ထိုင်နေတဲ့ မိုမို က ဝေဖြိုး ကို ပြူးကြောင်ကြောင် မော့ ကြည့်တော့ တစ်ချက် ရယ်မိသည်။
"ဖြိုးလေးလား..."
"ဟီး..."
"ဟယ်...မမှတ်မိဘူး ကြည့်စမ်း...ကြီးသွားလိုက်တာ...မေမေရယ်...အေ က ဘယ်သူလဲလို့ မနည်းစဉ်းစားရတယ်..ငယ်ရုပ်ကို ပျောက်ရောပဲ..နှုတ်ခမ်းမွှေး က ဘာလို့ ထားတာတုန်း...အမလေး...ကလေးရုပ်က ရုပ်ရင့်နေတယ်..."
"ဟီး..."
မိုမို က မှတ်မိသွားတာနဲ့ ဆရာလုပ်တော့ ဝေဖြိုး နှုတ်ဆက်မိတာ မှားပြီလို့ တွေးရင်း သွားကြဲ၍ ရယ်ပြလိုက်ရသည်။
"ဖြိုးလေး က ဒီမှာနေတာဆို...စာလိုက်နိုင်လား..စာမေးပွဲက နီးနေပြီနော်..."
"လိုက်နိုင်ပါတယ်...ဆရာကြီး က သင်ပေးတယ်..."
"ဆရာကြီး သင်ပေးတယ်ဆိုပြီး မကြိုးစားပဲ မနေနဲ့ဦးနော်..."
"ဝေယံဖြိုးကျော် က အရင်လို မဟုတ်တော့ပါဘူး...ခု ပိတ်ရက်လေး အိမ်ပြန်မလား ဆိုတာတောင် စာမေးပွဲနီးနေလို့ မပြန်ချင်ဘူးတဲ့လေ..."
"သြော်..ဒီလိုလား..လိမ်မာတယ်..လိမ်မာတယ်..."
မိုမို က အရင်အတိုင်း ကလေး တစ်ယောက်လိုပဲ မြင်နေတုန်းမို့ ဝေဖြိုးလည်း ကလေးတစ်ယောက်ဟန်ဖြင့် သွားကြဲရယ်နေရသည်။
.
"ဖြိုးလေး က မေမေ့ လက်ရာ ကြိုက်ရဲ့လား..."
"ကြိုက်ပါတယ်.."
ထမင်းစားတော့လည်း မိုမိုက စကားများပြီး မေးနေသေးလို့ ဝေဖြိုး ပြန်ဖြေရသည်။
"မေမေကြီး က သူ့ကို ကြက်သားကြော်နဲ့မှ ကျွေးတာ မေမေရဲ့..."
"ငယ်ငယ်တုန်းကပါ..."
"ဟုတ်တယ်...အငယ်လေး မွေးလိုက်ကတည်းက ဝေယံဖြိုးကျော် ဈာန်လျောသွားတာပဲ...သမီးရေ..."
YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...