Part 10

2.4K 218 31
                                    


မိုးရိပ်

အပိုင်း (၁၀)

#မိုးရိပ်

03150913

"သောက်ပေါရဲ့...ငါမပြောဘူးလား....ကလပ်က ဝင်ကြေးပေးရတာ သောက်ရတဲ့ အရည်က လမ်းဘေးမှာလည်း ရသားပဲ.. စည်းစိမ်ခံလူတန်းစား သူဌေးသားတွေပဲ လာတာပါဆို..."

ကျော်မင်းက အသောက်သမားမို့ ကလပ်မှာ ခုန်ပေါက်ကဲခဲ့သူ မဟုတ်တော့ တစ်လမ်းလုံး မူးမူးနဲ့ဆဲနေတာကို ဝေဖြိုးလည်း ဘာမှ ပြန်မပြောပဲ ရယ်နေမိသည်။

ကေတီဗီလောက်က အဆင်ပြေပေမဲ့ ကလပ်ကို သွားတာကျတော့ ဝေဖြိုးတို့ ကျော်မင်းတို့လို လူတန်းစားတွေ အတွက် ထိခိုက်သည်။

ဘဝမှာ တစ်ခါတော့ နိုက်ကလပ်ကို တက်ချင်တဲ့ ဆန္ဒလေး ပြည့်သွားပြီမို့ ကုန်ပေမဲ့ တန်ပါတယ်လေ..။

"ပိုက်ဆံကုန်ပေမဲ့ ပျော်ဖို့ကောင်းတယ်လေ... မိုက်တယ်...ကောင်မလေးတွေကလည်း အလန်း...အလန်း...ဟား..ဟား..."

"မင့်ကတော့ ဟုတ်တာပေါ့...ငါ့နားကျတော့ ဘယ်ကောင်မ မှ မကပ်ဘူး.."

"မင်းက အဝတ်အစားတောင် မလဲပဲ သွားတာကိုးဟ..."

"မင့်က ကော ရောက်ဖူးတာ ကျနေတာပဲ..."

"ဘယ်နေရာ ဖြစ်ဖြစ် ဝတ်တက် စားတက်ရင် တစ်ဗန်းသာတယ်..."

"ဟွန့်...သောက်ကြီးသောက်ကျယ်နဲ့...အေ့လေ...မင်း နောက်တခါ သွားချင်ရင် လွယ်ပါတယ်..အဲ့ကကောင်မတွေက မင့်နဲ့ ဖုန်းနံပါတ်လဲထားသေးတယ်မလား..."

"မင့်က အရက်မူးပြီး မှောက်နေတာ မဟုတ်ဘူး..ကြေကွဲနေတာပဲ...ဟား..ဟား.."

"သေလေ..."

ကျော်မင်းက ဝေဖြိုး ပခုံးကို ဆောင့်တွန်းပြီး ပြောပေမဲ့ ဝေဖြိုးကတော့ ဖုန်းထဲက ဓာတ်ပုံတွေကို ပြန်ကြည့်နေမိသည်။

ကိုယ်သဘောကျတဲ့ ကလေးလေးတွေ ဒီလိုနေရာမှာ သိပ်မတွေ့ပေမဲ့လည်း မမတွေကတော့ ဖျားလောက်အောင်ကို လန်းပါသည်။

"တီ...တီ....တီ...."

ဖုန်းလိုင်းပြန်ဖွင့်လိုက်တာနဲ့ ဖုန်းဝင်လာတော့ အပျော်တွေ ပျောက်ပြီး မျက်နှာက အလိုလို ရှုံ့မဲ့သွားရသည်။

မိုးရိပ်Место, где живут истории. Откройте их для себя