မိုးရိပ်
အပိုင်း(၂၀)
#မိုးရိပ်
06160428
"မိုမို...ဒီမှာ အသုပ်စုံ.."
"ဟင်...ဖြိုးလေး နောက်ကျနေတာတောင် အဲဒါ သွားဝယ်နေတာလား..."
"အပြန်လမ်းမှာ တွေ့လို့ ဝယ်ခဲ့တာပါ..."
အေ သင်တန်းက အပြန် ရှစ်နာရီဆိုပေမဲ့လည်း သူက ခုနောက်ပိုင်း ကိုးနာရီကျော်လောက်မှ ပြန်ရောက်သည်။
ပိုက်ဆံ ပဲ ကြည့်တက်သည့် ကျော်မင်းက အပိုကြေးရလို့ လုပ်နေတယ်ဆိုပေမဲ့ သူကလည်း အပေါင်းအသင်းမင်တော့ ဘယ်လောက် ညနက်ပါစေ တစ်ချက် မညည်းပဲ လိုက်ပေးနေတာပါပဲ..။
အခုလည်း ညကိုးနာရီခွဲတော့မှ ပြန်ရောက်လာပြီး လွယ်အိတ်ကိုတောင် မချွတ်နိုင်ပဲ မီးဖိုခန်းဘက်တန်း ဝင်သွားတော့ အေလည်း လိုက်သွားရသည်။
ဟိုကလေးမလေးတွေနဲ့ ပြဿနာတက်ပြီးကတည်း အလည်အပတ် ကိစ္စတွေ အတော်လေး ငြိမ်သွားတာပဲ..။
လူတွေရဲ့ စိတ်က မထင်ထားသလို ဖြစ်တက်တာ သိတော့ သူလည်း ကြောက်သွားပုံပါပဲ..။
အရင်က ပိတ်ရက်တိုင်း ပျော်နေပမဲ့ အခုက ပိတ်ရက်တောင် ကျော်မင်းနဲ့ တခြားအလုပ်ချည်းပဲ လုပ်နေတော့ လွတ်လပ်မှုနဲ့ ပျော်တက်တဲ့ စိတ်ကလေး ပျောက်သွားတာတော့ စိတ်မကောင်း ဖြစ်မိပြန်သည်။
"ဟင်...မိုမို..ဘာဖြစ်တာလဲ..."
မုန့်ထုတ်တွေကို ပန်းကန်ထဲ ထည့်ပြီးတော့ အေ့လက်ကို ဆွဲလိုက်လို့ ရင်ခုန်ပြီး လန့်သွားရသည်။
လက်ဖမိုးကို သေချာကြည့်နေတော့မှ အပူလောင်တာ သတိရနိုင်သည့် အဖြစ်..။
"ဟို...မီးပူထိတာပါ..ဆေးလိမ်းထားတာ.."
"မိုမို ကလည်း...သတိမထားဘူးလား...အရမ်းနာနေပြီမလား..."
"ဟင်..မနာပါဘူး..."
"ရဲနေပြီ..ကျစ်...တော်တော်လည်း ပူမှာပဲ...ကျွတ်.."
အေ့ အပေါ် ဘယ်တုန်းကမှစိတ်မဝင်စားတဲ့ သူက ခုတော့ အပူလောင်မိတာလေးကို စုတ်တသပ်သပ် ဖြစ်နေတာ နားမလည်နိုင်ပေမဲ့လည်း ကြည်နူးစိတ်က ပိုပါသည်။
VOCÊ ESTÁ LENDO
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...