မိုးရိပ်
အပိုင်း(၂၅)
ဇာတ်သိမ်း
#မိုးရိပ်
06181000
"မိုမို...မိုမို..."
"အင်..."
အေ့ ကို ဖြိုးလေး ခေါ်နေတဲ့ အသံနဲ့ ပါးပေါ်က နွေးထွေးတဲ့ ပွတ်သပ်မှုကို ခံစားမိတော့ အိပ်မက်ကနေ မနိုးချင်အောင် ဖြစ်ရသည်။
ဒီအသံလေး မကြားရတာ ကြာလှပြီ..။
ဒီလို ကြင်နာယုယတဲ့ အထိအတွေ့လေးတွေ..။
"မိုမိုရဲ့..နောက်ကျနေပြီလို့..."
"ဟင်..."
"အလုပ်နောက်ကျနေပြီ...မိုမို အလုပ်သွားမယ်မလား...နေလည်း ကောင်းပါတယ်...ကိုယ်လည်း မပူပါဘူး..ဘာဖြစ်လို့လဲ..."
အေ့ နဖူးကို စမ်းလိုက် ပါးကို ပွတ်လိုက်နဲ့ မျက်လုံးရှေ့မှာ မြင်နေရတဲ့ ဖြိုးလေးက အိပ်မက် မဟုတ်သလိုပါပဲ..။
"မိုမို အိပ်ပုတ်လေး...ပျင်းနေတာလား...ပွေ့ချီသွားမယ်..."
ခုတင်မှာ ထိုင်နေရာက ထလိုက်ပြီး အေ့ကျောအောက်ကို ပွေ့ထူပြီး ပွေ့ချီလိုက်တော့ လေပေါ်မြှောက်သွားပြီး အသည်းအေးကာ မျက်လုံးလည်း မှိတ်လိုက်မိသည်။
"အိပ်မက်နေတာ..."
"ဟမ်...အိပ်မက်နေတယ်...ဘာအိပ်မက်မို့လို့လဲ..."
အေ့ကို ချီပြီး မီးဖိုခန်းဘက် ခေါ်သွားရင်း မေးတော့ အေ စိတ်မကောင်းဖြစ်ရင်း ပြုံးလိုက်မိသည်။
ဖြိုးလေး က ဖြိုးလေး ပြန်ဖြစ်သွားတယ်လို့ ပြောပြရင် အိပ်မက်ထဲက ဖြိုးလေးက ရယ်လိမ့်မည်။
"အင့်...မိုမို သူငယ်ပြန်နေပြီထင်တယ.်..အရင်တုန်းကတော့ ချီတာနဲ့ အတင်းရုန်းပြီး ခုန်ဆင်းတာ ခုတော့ ငြိမ်နေတယ်..."
ရေချိုးခန်း ရှေ့မှာ ချပေးပြီး နှာခေါင်းရှုံ့ကာ ပြောတော့ အေ သဘောကျလို့ ရယ်မိသည်။
အိပ်မက်လေးထဲမှာပဲ ကြင်နာရင်းနှီးနေသည့် ဖြိုးလေးကို လွမ်းနေခဲ့ရတာ..။
"ဟာ..ဘာလို့ ပြုံးကြည့်နေတာလဲ...လူက အဲလောက် ချောသွားလို့လား..."
YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...