မိုးရိပ်
အပိုင်း (၂)
#မိုးရိပ်
01150411
"မိုမို က ဒါဆို ရန်ကုန်ကို သွားမှာပေါ့..."
"အင်း...ဟိုမှာ ကိုကို နဲ့ နေပြီး ကျောင်းတက်ရမှာလေ..."
"ဒါဆို မမအေးတို့နဲ့ တွေ့လို့ရတာပေါ့..."
"မအေးတို့က ရန်ကုန်မှာမှ မဟုတ်တာ ဖြိုးလေးရဲ့ သူတို့က မြို့ပေါ်တင်ပဲလေ..."
"ဒါဆို...ရန်ကုန်က ပိုဝေးတာပေါ့..."
"အင်း...ဝေးတယ်...ဖြိုးလေး လည်း စာကြိုးစားနော်...ဆယ်တန်းပြီးရင် မမ နဲ့ နေပြီး ကျောင်းတက်လို့ရတာပေါ့..."
"အင်း..."
"ဝေယံဖြိုးကျော်ရေ....သွားကြမယ်ဟေ့...."
"ဟယ်...မိုးချုပ်တော့မှာကို ဘယ်သွားမလို့လဲ ဖြိုးလေးရဲ့..."
"ဟီး...ဟီး...ရှုး...ရှုး..."
ဝေဖြိုး လက်ညိုးထောင်ပြီး ပြောလိုက်ကာ ထွန်းအောင် နောက်ကို ပြေးလိုက်သွားလိုက်သည်။
ဒီနေ့ညနေ ငှက်ပစ်ဖို့ ပြောထားတာ အမေ ထမင်းချက်နေတုန်း ဝေဖြိုးလစ်ထွက်လာခဲ့ရတာ..။
"ငါတို့ ကွင်းထဲ မှာ အရင်သွားကြည့်ကြမယ်...အဲ့မှာ စပါးလှန်းတော့ စာကလေးတွေ အားကြီးပဲ..."
"အေး...သွားကြမယ်.."
နေရာစုံအောင် လည်တာ ပတ်တာ က ထွန်းအောင်လောက် မကျွမ်းတော့ သူခေါ်သမျှ နောက်ကိုပဲ လိုက်တက်သည်။
ထွန်းအောင်လောက် မကျွမ်းကျင်သော်လည်း ဝေဖြိုး ပစ်ရင် ဆယ်ကောင်မှာ တစ်ကောင်လောက်တော့ ထိပါသည်။
"ငါ က မင့်အမေကြီး ထိုင်နေတယ်မှတ်လို့ သေချာကြည့်ရသေးတယ်..."
"အဲဒါ မိုမိုလေ..."
"အဲ့ အစ်မကြီး က ဆယ်တန်းဖြေထားတာမလား...ကျောင်းဆရာကြီးရဲ့ သမီးလေ..."
"အွင်း...သူက ခု ရန်ကုန်မှာ ကျောင်းသွားတက်တော့မှာမို့လို့ လာနှုတ်ဆက်တာ..."
"ကောင်းတယ်...မင်းလည်း အဲဒါမှ ကောင်းကောင်းဆော့လို့ရမှာပေါ့..."

ŞİMDİ OKUDUĞUN
မိုးရိပ်
Romantizm"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...