မိုးရိပ်
အပိုင်း (၂၂)
#မိုးရိပ်
"တီ.."
ဝေဖြိုး မျှော်လင့်ထားသလိုပဲ မိုမိုက အိမ်ပြန်မလာခဲ့ပါဘူး..။
ညရှစ်နာရီမှာ ကော်ဖီဆိုင်မှာ စကားထိုင်ပြောကြပြီး ရှစ်နာရီ ခွဲတော့ တက္ကစီပေါ်တက်သွားသည်။
အိမ်ကို ပြန်တဲ့လမ်း မဟုတ်တော့ ဝေဖြိုး စိတ်ဆင်းရဲရပါသည်။
ဘယ်သူ့ကို ပြောပြီး ဘယ်သူ့ကို ကယ်ခိုင်းရမလဲ..။
မိုမို မှ ဝေဖြိုး နှလုံးသားကို မသက်ညှာရင် သေဖို့ပဲ ရှိတော့သည်။
ဝေဖြိုး မရောက်ဖူးတဲ့ တိုက်တစ်ခုပေါ် တက်သွားတော့ တစ်ချက ်မော့ကြည့်မိသည်။
လုံခြုံရေးလည်း စောင့်နေတော့ လက်ခံမှာမဟုတ်ဘူး..။
"ဆရာ...ကျွန်တော့်မိန်းမကို တွေ့ချင်လို့ပါ...ခေါ်ပေးပါလား...'
'ခင်ဗျား မိန်းမက ဘယ်မှာနေတာလဲ..."
'အခုပဲ တက်သွားတာ..."
ဝန်ထမ်းက မယုံသလို တစ်ချက်ကြည့်ပြီး သူ့ဘေးက တစ်ယောက်ကို ခေါ်ခိုင်းလိုက်တော့ ဝေဖြိုး ရင်ခုန်စွာ ရပ်စောင့်နေမိသည်။
ဆယ်မိနစ်လောက် ကြာတော့ ပြန်ရောက်လာပြီး ခေါင်းရမ်းပြသည်။
"အဲ့အခန်းက...သူငယ်ချင်းလေးယောက်နေကြတာ..အကုန် မိန်းကလေးတွေချည်းပဲ...'
'ခုတက်သွားတဲ့ တစ်ယောက်ကို ပြောတာ..."
'ဖုန်းဆက်ပေါ့ဗျာ...'
'ဆက်လို့ မရလို့ပေါ့ဗျ..."
ဝေဖြိုး စိတ်မရှည်စွာ ပြောလိုက်ပြီး ဖုန်းကို ထုတ်ကာ ဘယ်နှစ်ကြိမ်မှန်း မသိ ထပ်ခေါ်မိပြန်သည်။
ဖုန်းက ဝင်ပေမဲ့လည်း မကိုင်ပါဘူး..။
"အစ်ကို့ ဖုန်းနဲ့ ဆက်ကြည့်ပေးပါလား..."
ဝန်ထမ်းက မကြည်မလင်ဖြင့် ဖုန်းထုတ်တော့ ဝေဖြိုး ဖုန်းနံပါတ်တွေ ပြောပြလိုက်သည်။
"ဟလို..."
"ဟလို..မိုမို...ခု ပြန်ဆင်းခဲ့.."
"တီ..."

STAI LEGGENDO
မိုးရိပ်
Storie d'amore"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...