မိုးရိပ်
အပိုင်း (၁၅)
#မိုးရိပ်
03160916
"မိုမို...ညောင်းနေပြီလား.."
"ဟင်..မညောင်းပါဘူး...ဖြိုးလေးရဲ့...ရတယ်..."
သူ့ကျောပိုးအိတ်နဲ့ အေ့လက်ဆွဲအိတ်ကိုလည်း သူပဲယူထားပြီး အိတ်ခပ်သေးသေး တစ်ခုသာ ကိုင်ထားတဲ့ အေ့ကို ခဏခဏလှည့်မေးနေတာ မသိရင် ရွဲ့ပြောနေသလိုပါပဲ..။
"ဘယ်မှာ ဘယ်လို တိုးတက်...ကျွန်တော်တို့ရွာမပါဘူး..."
ရွာအဝင်လမ်းကို ကားဝင်လို့မရသေးတာကို ပြောတာမှန်း သိတော့ အေ ရယ်ချင်သွားသည်။
"အဟင်း...တိုးတက်ပါတယ်....ဖြိုးလေးရဲ့....အရင်ဆို ဒီလမ်းက အရမ်းကျဉ်းတာလေ....ကျောက်ခဲတွေခင်းထားတာပါ...နောက်ပြီး..ဟိုဘက်က လမ်းပေါက်ပါတယ်...အေတို့က မြန်မြန်ရောက်ချင်လို့ ဒီဘက်က ဆင်းတာကိုး.."
"ဒီဘက်လမ်းလည်း လုပ်သင့်တာပေါ့..."
"ဖြည်းဖြည်းချင်း ဖြစ်လာမှာပေါ့လေ..."
"ဟွန့်...ကျွန်တော် ငယ်ငယ်ကတည်းက ဒီလမ်းပဲ...သားသမီး ခေတ်ရောက်ရင်လည်း ရဦးမှာ မဟုတ်ဘူး..ကျွန်တော်တို့ ကလေးတွေ ချီပြီး ဒီလမ်းကို လာရဦးမှာပဲ..မြေးခေတ်မှ ကောင်းမယ် ထင်ပါတယ်..."
သူ့ဟာသူ ပြောလိုက်တဲ့စကားကို အေ က မရိုးမသား တွေးမိပြီး မျက်နှာပူချင်သွားသည်။
မကြာသေးခင်ရက်ပိုင်းလေးက သူပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားတော့ မရိုးသားတဲ့ ရင်ခုန်သံတွေလည်း ပျောက်သွားရသည်။
တစ်နှစ်ကြာအောင် သူ့စိတ်ကို သဘောမပေါက်ခဲ့လို့ ဒေါသနဲ့ သူ ပေါက်ကွဲပြောပြမှ သိခဲ့ရတာ အေ က အရိပ်အကဲ မသိ တုံးလွန်းခဲ့တာပါ..။
သူ လွတ်လပ်သလိုပဲ နေပါစေ..။
"မိုမို သတိထားဦး...ကျောက်ခဲတွေက မညီဘူး..ခြေချော်သွားမယ်..."
"ဟင်...အင်း.."
အေ့ကို လှည့်ကြည့်ပြီး သတိပေးတော့ အံသြရင်း ခေါင်းညိတ်လိုက်ကာ ကျေနပ်မှုကြောင့် ပြုံးမိမလို ဖြစ်သွားသည်။
YOU ARE READING
မိုးရိပ်
Romance"ကျွန်တော့် တစ်ယောက်တည်း နေချင်လို့ပါ အချိန်ခဏပေးပါလား...အရမ်း စိတ်ပင်ပန်းလို့ပါဗျာ..." စိတ်ပင်ပန်းလို့ပါဗျာဆိုပြီး သူ့အော်သံကြောင့် စိတ်ထဲ လန့်သွားပေမဲ့ မျက်ရည်မကျမိအောင် ထိန်းသိမ်းနေရသည်။ "ဘာဖြစ်လို့လဲဟင်... ပွင့်ပွင့်လင်းလင်း ပြောပါ... နှောင့်ယှက...