< ၆ >❤️‍🩹

36 0 0
                                    

ကျွမ်းဝင်ခြင်းမရှိသည့် မြို့သည် ယခုတွင်တော့ မွေးရပ်မြေလိုဖြစ်နေလေပြီ။ လမ်းထဲရှိဆိုင်များ၊ အိမ်များမှသူများနှင့် မရင်းနှီးသည်မရှိ။ ချစ်မွှေးပါလှသည့် ဝေယံသည် လူတိုင်း၏အသည်းနှလုံးကိုပိုင်ဆိုင်ထားလေသလား။

အိမ်ဘေးရှိ လက်ဖက်ရည်ဆိုင်က ဦးလေးကြီးပင် ဝေယံလေး ဝေယံလေး ဟူ၍ ပါးစပ်ကမချ။ မျက်နှာချင်းဆိုင်လမ်းဘေးရှိ ကုန်စုံဆိုင်မှာလည်း ဝေယံ့ကိုမြင်လျှင် သားအိမ်လာလည်အုံးနော် သားအတွက် မုန့်လုပ်ထားတယ်ဆိုသည်ချည်း။
မသိရင် သူတို့သားသမီးကျလို့...

နေကောင်းခါစ ထွက်သွားမည်ဟု ပြောသည့်အချိန်တွင် ဘုန်းမြတ်မောင်မှာ သွားစရာမရှိရင် ဒီမှာပဲနေပါလားဟု ဆွဲထားခဲ့လေသည်။ အစကတည်းက မထွက်သွားချင်ခဲ့သည့်ဝေယံကတော့ ချက်ချင်းကို ခေါင်းငြိမ့်ခဲ့သည်။ ဒီလိုနဲ့ တစ်အိမ်ထဲအတူတူနေဖြစ်သွားကြသည်။

ဝေယံသည် သူများအိမ်မှာကပ်နေရသည်ဖြစ်၍ အိမ်လခပေးရန် အလုပ်လေးတစ်ခုရှာလုပ်သည်။ အလုပ်တစ်ခါမှ မလုပ်ဖူးသည့် သူဌေးသားလေး ဝေယံ့အတွက် အခက်အခဲတွေရှိနိုင်သော်လည်း အလွန်ပင် ချောမွေ့လွန်းနေခြင်း။

ဘုန်းမြတ်မောင်အိမ်ရှိသော လမ်း၏ တစ်လမ်းကျော်တွင် Green Café ဆိုသည့် ကော်ဖီဆိုင်သည် လူကြိုက်များလှသည့်ကော်ဖီဆိုင်ပင်။ ကိတ်မုန့်၊ ဖျော်ရည်၊ ကော်ဖီစသဖြင့် အချိုမုန့်မျိုးစုံရနိုင်သည့်စိတ်ချမ်း‌ဖြေစရာနေရာတစ်ခုဖြစ်သည်။

"ဖြိုးဖြိုးရေ အဲ့စားပွဲရှင်းပြီးရင် ပြန်တော့လေ အကိုလည်း ဆိုင်ပိတ်တော့မှာဆိုတော့ ဒီနေ့ စောစောပြန်လိုက်တော့"

ဆိုင်ရှင်ဖြစ်သူ ကိုသန့်မှာ မီးဖိုခန်းထဲမှ အော်ပြောရင်း။ ဝေယံသည် စားပွဲရှင်းခြင်းကို လက်စသတ်လိုက်ပြီး ကော်ဖီခွက်များကို ဘေစင်ထဲထည့်ကာ အိမ်ပြန်ရန်ဟန်ပြင်လိုက်‌သည်။

"ကိုသန့် ကျွန်တော်မနက်ဖြန် မနက်ပိုင်း နည်းနည်းနောက်ကျမယ်ဗျ ကိစ္စရှိလို့"

ကိုသန့်သည် ခေါင်းငြိမ့်ပြလိုက်ပြီး ဆိုင်ရှေ့ကို မေးငေါ့ပြကာ ပြုံးဖြီးဖြီးဖြင့် ဝေယံ့ကိုလှမ်းစသည်။

အချစ်ဦး (First Love)Where stories live. Discover now