မြေပေါ်တွင်လဲကျနေသော ခန့်မင်းနိုင်သည် အေးစက်သည့်အကြည့်ဖြင့် စိုက်ကြည့်နေသော မင်းရိပ်ကြောင့် ပြန်မထနိုင်ဖြစ်နေ၏။
အကြည့်ကြီးကကြောက်စရာကြီးပါလား အဲ့တာထက် သူက ငါ့အဖေသတိပေးထားတဲ့သူ လုံးဝသွားမထိသင့်တဲ့သူ...
အခုဘယ်လိုလုပ်ရမလဲ ချီးပဲ!!ခန့်မင်းနိုင်သည် လဲကျနေရာမှ ကမန်းကတမ်းထလိုက်ပြီး မင်းရိပ်ကို ရိုကျိုးစွာတောင်းပန်လိုက်သည်။
"အကိုလာတာမသိလိုက်လို့ ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျ ပြီးတော့...
ဟဲ ဟဲ စောနက ကိစ္စကို စိတ်ထဲမထားလိုက်ဖို့ တောင်းဆိုချင်ပါတယ်ဗျာ ကျွန်တော်မသိလို့ မယဉ်မကျေးလုပ်မိလိုက်တာပါ... တောင်းပန်ပါတယ်ဗျာ"ခါးကိုကိုင်းရင်း ရို့ကျိုးနေသည့်ခန့်မင်းနိုင်ပုံစံကို မင်းရိပ်၏နောက်ကျောမှစစ်မင်းနောင်မှာ ချောင်းကြည့်ရင်း စိတ်ထဲကလည်း ဆဲလိုက်သည်။
ခွေးသား!! စောနက မောက်မာတတ်တဲ့စောက်ကောင် ဘယ်ရောက်သွားတာလဲဟ!!
"ရပါတယ်ဗျာ သူများကြားထဲဝင်မိလို့ ကျွန်တော်ကပဲ တောင်းပန်ပါတယ်"
ဝတ္တရားအရပြန်ဖြေရသလို အသံခပ်မာမာနဲ့သာပြန်ဖြေလိုက်သည်။
"ကျွန်တော်ဧည့်ခံပါရစေဗျာ... လာ လာ ကျွန်တော် တစ်ခွက်လောက်တိုက်ချင်လို့..."
ပြုံးဖြီးနေသည့်ရုပ်ဖြင့် မင်းရိပ်ကို အပြင်ဆွဲထုတ်သွားသော ခန့်မင်းနိုင်။
စစ်မင်းနောင်သည် လှေကားနောက်ဘက်တွင် တစ်ယောက်တည်းကျန်ရစ်ခဲ့သည်။ဒီနေ့တော့ ဒီလောက်ပဲထင်တယ် ပျော်စရာလည်းမကောင်းဘူး ဟွန့်...
စိတ်ထဲတွင် ထူးဆန်းစွာညည်းညူလိုက်သည်။ အပြင်ထွက်ရန်ပြင်လိုက်သော်လည်း လျှပ်တစ်ပြက် ကျရောက်လာသည့်ထိုးချက်တစ်ခု။ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားပြီး မျက်စိရှေ့တွင်မြင်လိုက်ရသည့်သူကတော့...
"ကိုကြီး..."
"ီးပဲ မင်းက သူ့လိုကောင်ကိုအပိုင်ကိုင်ထားတာပေါ့ဟမ်... အဲ့လိုလုပ်ရုံနဲ့ မင်းအမွေတွေရနိုင်မယ်ထင်နေတာလား"