ဂျင်းဘောင်းဘီအမည်းနှင့် ဂျာကင်ကိုဝတ်ထားသော မင်းနောင်သည် မြောက်ကြွမြောက်ကြွဖြင့် ဆိုင်ထဲသို့ဝင်လာကာ ထွန်းလင်းထံမှ တစ်ခွက်လောက်ဆိုသည့်အမူအရာဖြင့်လှမ်းတောင်းလိုက်သည်။
ထွန်းလင်းသည် ချက်ချင်းပဲ အောက်ဘက်ခဏငုံ့သွားကာ ခွက်တစ်ခွက်ဖြင့်ပြန်ပေါ်လာပြီး မင်းနောင်ရှေ့သို့ချပေးလိုက်သည်။
"ဟာ.. မင်းကလည်း ကော့တေးတစ်ခွက်တောင်းတဲ့ဟာကို ဘာလို့ ဆိုဒါကြီးချပေးတာတုန်း"
မင်းနောင်သည် မကျေနပ်သည့်လေသံဖြင့်။
"သူဌေး အခုမှမနက်ပဲရှိသေးတာ ဆိုင်တောင်မဖွင့်ရသေးဘူးလေ ဝန်ထမ်းသမားတောင် ကောင်းမြတ်ပဲရောက်သေးတယ် အဲ့တာကို ဘယ်လိုလုပ်ကော့တေးသောက်မယ်ပြောနေတာလဲဗျာ"
ဆိုင်အပေါက်ပေါက်ဝကိုလက်ညှိုးထိုးပြကာ မင်းနောင်ကိုကြည့်ဆိုသည့်အမူအရာဖြင့်။ မင်းနောင်သည် အပေါက်ဝကြည့်မိသော် ဟုတ်သား သစ်သားဆိုင်းဘုတ်တောင်မထုတ်ရသေး။ နံရံပေါ်ကနာရီကြည့်မိတော့ ၇နာရီပဲထိုးသေး။
မင်းနောင်သည် တဟီးဟီးဖြင့်ရီကာ ခေါင်းကိုဟိုကုတ်ဒီကုတ်လုပ်ပြီး ပြောလိုက်သည်။
"ငါ သတိမထားမိလိုက်ဘူးကွာ မနက်က စောစောနိုးနေတာနဲ့ ဒီပဲလာလိုက်တာ သွားစရာမှမရှိတာကွာ"
မျက်နှာမှာပြုံးဖြီးနေကာ ရှေ့တွင်ချထားပေးသော ဆိုဒါကိုသောက်နေ၏။
"အခုတလော ဘာကောင်းတာတွေများဖြစ်လို့လဲဗျ"
"ဟမ်!!"
"သူဌေးကြည့်ရတာကောင်းတာတစ်ခုခုဖြစ်ခဲ့သလိုပဲ ပုံမှန်ထက် ပိုပြီးပျော်နေသလားလို့ အရင်ကဆိုမှိုင်တွေတွေနဲ့လေ အော်... ပြီးတော့ အရင်ကကျောင်းပြေးနေကြ အခုတော့ ကျောင်းကို မတက်ရမနေနိုင်ဖြစ်နေတာ"
ထွန်းလင်း၏စကားကြောင့် မင်းနောင်သည် စပ်ဖြဲဖြဲဖြင့်ပြုံးနေလေသည်။
"တွေ့လား အခုလေးတင် ပြုံးဖြီးနေတာ.. ပြောပြပါအုံးဗျာ ဘာတွေကောင်းတာများဖြစ်လို့လဲ"
"ငါ့အရင်က ကောင်လေးနဲ့ပြန်တွေ့လို့ကွ"
"အရင်ကောင်လေး?? ရည်းစားလား??"
![](https://img.wattpad.com/cover/344703059-288-k34345.jpg)