ဝေယံ၏စိတ်ထဲတွင်ရှုပ်ထွေးနေ၏။ တစ်ချိန်ထဲမှာပဲ ထူးဆန်းတဲ့အချိန်ကိုပြန်တွေးမိရင်း မေးခွန်းပေါင်းများစွာထုတ်နေမိ၏။ သို့သော် ထိုမေးခွန်းတွေကိုဖြေနိုင်မယ့်သူပေါ်လာပြီဖြစ်၍ ဝေယံသည် အခွင့်အရေးသေးသေးလေးကိုပင် လက်လွတ်မခံနိုင်။
"ကျွန်တော့်ကို တွေ့ခွင့်ပေးလို့ရမလားဗျ"
ထိုကောင်မလေးသည် ဝေယံ၏မျက်နှာတွင် ထူးဆန်းသည့်အငွေ့အသက်များ ဖုံးလွှမ်းနေသည်ကို သတိထားမိ၏။ သို့သော် ဘာမှန်းမသိ။ ခေါင်းငြိမ့်ပြလိုက်ကာ...
"ဒီတစ်ပတ်ပိတ်ရက်ကျရင် ရမလား??"
"ကျွန်တော့် အခုတွေ့ချင်တာဗျ"
စိတ်အားထက်သန်နေသည့်မျက်လုံးများဖြင့်ထပြောလာသောကြောင့် ထိုကောင်မလေးသည် နည်းနည်းတော့ လန့်သွားမိသည်။ လူတစ်ယောက်တွေ့ရဖို့ ဒီလောက်ပြောဖို့မလိုပါဘူး ဒါပေမဲ့...
ထိုကောင်မလေးသည် ဘေးနားတွင်ထိုင်နေသော ရှင်းသန့်မောင်ကို တစ်ချက်ကြည့်မိလိုက်သည်။ ရှင်းသန့်မောင်လည်း အနားတွင်ရှိသည်ဖြစ်၍ အကြောင်းစုံကြားပြီးဖြစ်သည်။ ထို့ကြောင့် လက်ခါပြကာ...
"ဘာမှမဖြစ်ဘူး သူ့ကိုသာလိုက်ပို့လိုက်... ညနေလည်းစောင်းတော့မှာဆိုတော့ လူလည်းသိပ်ရှိတော့မှာမဟုတ်ဘူး စောစောအလုပ်ဆင်းတယ်လို့သာ သဘောထားလိုက်"
"ဟုတ်ကဲ့ သူဌေး... အဲ့တာဆို အကိုခဏစောင့်နော် ညီမအဝတ်သွားလဲလိုက်အုံးမယ်"
"ဖြေးဖြေးလုပ်လို့ရပါတယ်ဗျ"
"ဟုတ်.. ခဏပါပဲ"
ဝေယံကို ခဏစောင့်ဟူသောအမူအရာပြရင်း နောက်ခန်းထဲမြန်မြန်ပြေးဝင်သွားသည်။ ထိုအခါမှ ရှင်းသန့်မောင်သည် မျိုသိပ်ထားသည်များ မေးချတော့သည်။
"ဘယ်လိုဖြစ်တာတုန်း ကြီးကြီးသွယ်ဆိုတဲ့သူက ဘယ်သူမို့လို့ မင်းဒီလောက်တွေ့ချင်နေရတာလဲကွ"
ဝေယံသည် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ပြောမည့်စကားကို စဉ်းစားနေသည့်ပုံစံပင်။
"လွန်ခဲ့တဲ့ ၁၅နှစ်က အကြောင်းကို သိနိုင်တဲ့ တစ်ဦးတည်းသောသူမို့လို့ပါ"
![](https://img.wattpad.com/cover/344703059-288-k34345.jpg)