အေးစက်စက်ပတ်ဝန်းကျင်နှင့် အမှောင်ထုဖုံးလွှမ်းနေရာ တင်းကြပ်သည့်ခံစားချက်ကထွက်ပေါ်လာလေ၏။ တဖြည်းဖြည်းဝမ်းနည်းလာမိရာ မျက်နှာပေါ်သို့ မျက်ရည်စက်များစီးဆင်းလာလေသည်။ အမှောင်ထဲရောက်နေသူတစ်ယောက်ဟာ ထိုအမှောင်ထုထဲသာပို၍နစ်မြုပ်လာလေရဲ့။ ထိုအချိန်တွင် မြင်လိုက်ရသည့်တောက်ပသည့်အလင်းရောင်တစ်ခု။ ပြီးနောက် ခေါ်လာသည့်အသံလေး.... ကိုကို တဲ့လေ...
ဘုန်းမြတ်မောင်မျက်လုံးဖွင့်ဖွင့်ခြင်းမြင်လိုက်ရသည်က ဖြူဖွေးနေသည့်မျက်နှာကျက်။ ထို့နောက်ဘေးစောင်းကြည့်သော် ဆေးသွင်းထားပုံရသည့်ဆေးရည်အိတ်။ ခံစားလိုက်ရသည့်နွေးထွေးမှု။ ဟုတ်သည် ဝေယံကသူ့အနားမှာရှိနေပေးသည်လေ...
ဘုန်းမြတ်မောင်၏လက်ကိုဆုပ်ကိုင်ရင်း အိပ်ပျော်နေလေရဲ့။ ရဲတဲတဲဖြစ်နေသည့် ဝေယံ့မျက်ဝန်းတစ်စုံမှာ ဘုန်းမြတ်မောင်ကို အင့်ခနဲဖြစ်သွားစေသည်။ ဒီကောင်လေး ငိုထားတာသေချာတယ်...
နိုးလာပေမဲ့ မလှုပ်မယှက် အိပ်နေသည့်ဝေယံ့မျက်နှာကိုကြည့်နေမိသည်။ ဖြူစင်သည့်ကလေးတစ်ယောက်ပုံစံမှာ ဝေယံ့၏မပြောင်းလဲသည့်ပုံစံတစ်ခုလို့ ဘုန်းမြတ်မောင်ထင်မိသည်။ ပြုံးကာတိုးတိုးလေးပြောလာ၏။ အိပ်နေတာ ချစ်ဖို့ကောင်းလိုက်တာကွာ...
"ဘုန်းမြတ်!!"
ထိုအချိန်တွင် တံခါးမှဝင်လာသည့်သီဟကြောင့် ပြုံးနေသည့်ဘုန်းမြတ်သည် ချက်ချင်းတည်သွားကာ ထသတ်တော့မည့်မျက်လုံးများဖြင့်ကြည့်လာ၏။ သီဟသည် ဝင်ပဲဝင်ရတော့မလို ထွက်ပဲပြေးရတော့မလိုဖြစ်သွားရသည်။ ထို့နောက်တံတွေးမြိုလိုက်ကာ ကုတင်နားလျှောက်သွား၏။
"မင်းနိုးလာပြီလား?"
သီဟ၏အမေးကိုပြန်မဖြေပဲ လက်ညှိုးကိုနှုတ်ခမ်းနားကပ်ကာ တိုးတိုးနေဆိုသည့်ပုံစံလုပ်ပြ၏။ သီဟကလည်း ဟင် ဆိုသည့်ပုံစံဖြစ်သွားပြီးမှ သဘောပေါက်သွား၏။ ဝေယံအိပ်နေလို့ကို...
သီဟသည်ခေါင်းငြိမ့်ပြလိုက်ကာ ဘာမှထပ်မပြေတော့ပေမဲ့ အိပ်ပျော်နေသည့်ဝေယံမှာနိုးလာ၏။ တဝါးဝါးသမ်းရင်း လက်ဖြင့်မျက်လုံးကိုပွတ်လိုက်ကာ မိမိနှင့်မျက်နှာချင်းဆိုင် ကုတင်နစ်ဖက်တွင်ထိုင်နေသောသီဟကိုမြင်လိုက်လေသည်။ခေါင်းငြိမ့်ပြလိုက်ကာ ဘာမှထပ်မပြေတော့ပေမဲ့ အိပ်ပျော်နေသည့်ဝေယံမှာနိုးလာ၏။ တဝါးဝါးသမ်းရင်း လက်ဖြင့်မျက်လုံးကိုပွတ်လိုက်ကာ မိမိနှင့်မျက်နှာချင်းဆိုင် ကုတင်နစ်ဖက်တွင်ထိုင်နေသောသီဟကိုမြင်လိုက်လေသည်။