"ဆရာ! ဒေးဗစ်ရောက်လာပါပြီ"
"ဝင်ခိုင်းလိုက်!!"
နက်ပြာရောင်ဂျာကင်နှင့် မျက်မှန်တပ်ထားသည့်သူတစ်ဦး။ မျက်မှန်တပ်ထားသော်လည်း မျက်လုံးနားရှိအမာရွတ်ကြီးက အထင်းသား။
"ခင်ဗျားသိချင်တဲ့အချက်အလက်တွေရလာခဲ့ပြီ ဈေးကတော့..."
ဦးဝိဇ္ဇာဦး၏စားပွဲကိုမှီကာ အိတ်ကပ်ထဲမှဆေးလိပ်ကိုဆွဲထုတ်လိုက်ရင်း ပြောလိုက်၏။
"ပိုက်ဆံကမင်းလိုချင်သလောက်ပေးမှာပါ သတင်းသာတိကျပါစေ"
ထိုလူသည် ပြက်ရယ်ပြုသဟန်ရီလိုက်ပြီး...
"ကျွန်တော်ရဲ့သတင်းကိုမကြားဖူးတာတော့မဟုတ်လောက်ဘူးထင်တယ် ကျွန်တော်မရှာနိုင်တဲ့လူမရှိဘူးဆိုတာခင်ဗျားသိရင် ကျွန်တော့်ကိုငှားမှာမဟုတ်ဘူး ဟုတ်တယ်မှတ်လား... အဲ့တော့ သတင်းကလည်းမှန်တယ်လို့ယုံရမယ်မဟုတ်ဘူးလား"
ဦးဝိဇ္ဇာဦးသည် အားရပါးရရီလိုက်ကာ...
"ဒါပေါ့ဗျာ ယုံတာပေါ့"ဦးဝိဇ္ဇာဦးသည် ဘေးနားရှိလူတစ်ယောက်ကို လက်ပြလိုက်လေသည်။ ထိုလူသည် အိတ်တစ်ခုဖြင့်ပြန်လာကာ စားပွဲပေါ်တွင်တင်ပေးလိုက်သည်။
"ဒါက ခင်ဗျားတောင်းဆိုထားသလောက်ပါပဲ"
ထိုလူသည်အိတ်ကိုဖွင့်ကြည့်လိုက်ပြီး ကျေနပ်နေသည့်ပုံစံ။
"ဒါဆို ကျွန်တော့်ကိုပြောလို့ရပြီလား ကျွန်တော့်သားဘယ်မှာရှိနေလဲဆိုတာ"
ထိုလူသည် အိတ်ကပ်ထဲမှ စာရွက်လေးတစ်ရွက်ထုတ်ပေးကာ..."အဲ့မှာအခုနေနေတယ် ပြီးတော့ စီးပွားရေးတက္ကသိုလ်မှာကျောင်းတက်နေတယ် အရင်ကကော်ဖီဆိုင်လေးတစ်ခုမှာ လုပ်သေးတယ်တဲ့ အခုကတော့ကျောင်းတက်လို့နားထားတယ် ဒါပေမဲ့ပိတ်ရက်တွေဆို အဲ့ဆိုင်ကိုသွားပြီး ဘာလုပ်လဲတော့မသိဘူး မနက်အစောကြီးသွားပြီး ညနေ၆နာရီလောက်မှပြန်တာ"
ခဏအကြာမှ သတိရသွားဟန်ဖြင့်...
"အော်.. ဒီမှာ"
ဓာတ်ပုံဓာတ်ပုံထုတ်ပေးလာသည်။
"ဘယ်သူနဲ့လဲတော့မသိဘူး ကျွန်တော့်အထင်သူနဲ့တစ်အိမ်ထဲနေနေတာထင်တယ် ပြီးတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပုံမှန်မဟုတ်ဘူးလို့ထင်တယ်"