< ၁၁ >❤️‍🩹

21 0 0
                                    

ဝသာန်ရာသီရဲ့ စိမ်းမြမြမိုးနံ့လေးမှာ သင်းသင်းလေးဖြင့် အသက်ရှုသူတိုင်း အေးချမ်းသွားအောင်စွမ်းဆောင်နိုင်သော်လည်း ဝမ်းနည်းမျက်ရည်ကျနေတဲ့သူအဖို့တော့ သတိတောင်ထားမိမည်မထင်ပေ။

"တော်ပါတော့ကွာ မင်းကလည်းအငိုသန်လိုက်တာ..."

ဝေယံသည် မင်းနောင်၏မျက်ရည်စများကို သုတ်ပေးရင်း ပြုံးပြုံးလေးပြောလိုက်သည်။ မင်းနောင်ကတော့ ထဆဲတော့သည်။

"ခွေးကောင်... ငါကတော့ စိတ်တွေပူလိုက်ရတာ သူကတော့.. ဝူး.. ဝါး.."

"ကွာ.. မင်းကလည်း မငိုပါနဲ့တော့ဆို.. တိတ်တိတ်... မင်းကြည့် ငါကောင်းကောင်းကြီးရှိနေသေးတယ်မှတ်လား အဲ့တော့ ဝမ်းသာပေါ့ကွာ"

ဝေယံသည် မင်းနောင်ကိုဖက်လိုက်ကာ နှစ်သိမ့်ရပြန်သည်။ တကယ် အသည်းနုတဲ့သူ..

မင်းနောင်သည် ရုတ်တရက်သတိရသွားသလို ဝေယံမျက်နှာကို ဆွဲယူလိုက်ကာ မေးလိုက်သည်။

"ဒါနဲ့ မင်းဘယ်လိုထွက်ပြေးလာတာလဲ မင်းအိမ်ကအစောင့်တွေ အရမ်းကြပ်တဲ့ဟာကို.. ပြီးတော့ မင်းတစ်ခါကထွက်ပြေးဖူးလို့ပြန်မိတော့ အစောင့်တွေပိုတိုးလိုက်တာလေ အဲ့တာကို မင်းဘယ်လိုလုပ်လွတ်လာတာလဲ??"

မင်းနောင်သည် မိမိမျက်နှာပေါ်ကမျက်ရည်များကို သုတ်ပစ်လိုက်ရင်း နှာတရှုံ့ရှုံ့ဖြင့်မေးလိုက်သည်။

မင်းနောင်အတွက်ကတော့ သာမာန်မေးခွန်းတစ်ခုလိုပေမဲ့ ဝေယံ့အတွက်တော့ပြန်ဖြေရန်ခက်ခဲသည့်မေးခွန်းပင်။

"အဲ့တာက.. ငါ.. ငါလည်း သေချာမသိဘူး"

"ဟမ်..."

မင်းနောင်၏ခေါင်းထဲတွင် ကော်ရှင်မတ်များပေါ်နေလေပြီ။ ငါ့နှယ်နော်..ကိုယ့်ဘာသာဘယ်လိုလွတ်လာတာလဲဆိုတာတောင် မသိတော့ဘူးလားကွ!!!

"နေပါအုံး မင်းထွက်ပြေးလာတုန်းက မင်းအသိစိတ်ပျောက်နေလို့လား မသိရအာင်..
သူငယ်ချင်းဖြစ်သူစိတ်ပူပြီး မေးပါတယ် သူကတော့ မှတ်တောင်မမှတ်မိဘူးတဲ့ဗျာ!!"

မျက်နှာလွှဲကာ ဟိုဘက်လှည့်သွားသည့်မင်းနောင်ကိုကြည့်ရသည်မှာ စိတ်ဆိုးသွားသည့်ပုံပင်။

အချစ်ဦး (First Love)Where stories live. Discover now