< ၁၇ > ❤️‍🩹

15 0 0
                                    

ကောင်းကင်တွင် အနက်ရောင်တိမ်လိပ်တိမ်လွှာများမှာ တလိပ်လိပ်ဖြင့် ပြေးလွှားနေကြသည်။ မိုးရွာတော့မည်ထင်သည်။ မိုးကုန်ချိန်ဖြစ်၍ တစ်မိုးလုံးမဲမှောင်နေကာ နောက်ဆုံးမိုးအလား သည်းကြီးမည်းကြီးရွာချမည့်ပုံ။ ဖြောက်တောက်ဖြောက်တောက်မိုးစက်များက မိုးရွာရန်အစပြုနေလေသည်။ ထိုင်ခုံကိုအမှီပြုရင်း အပြင်ကမိုးကို ကြည့်နေစဉ် အပေါ်ထပ်ကဆင်းလာသောဘုန်းမြတ်မောင်ကြောင့် ဝေယံသည်တုံ့ခနဲဖြစ်သွားသည်။

"ကိုကို.. ဘယ်သွားမလို့လဲဟင် မိုးရွာတော့မှာကို"

တံခါးနားရှိ ထီးကိုဆွဲယူကာ...

"အပြင်ခဏသွားမလို့ပါ ဝေယံကအိမ်စောင့်လိုက်ပါအုံးနော်"

ဆံပင်ကိုဖွာကာ ပြောပြီး အပြင်ထွက်သွားသည့်ကိုကို့နောက်ကျောကိုကြည့်မိရင်း အားနာမိသည့်စိတ်ဖြစ်နေမိသည်။ ကိုယ့်ကိုနူးနူးညံ့ညံ့ဆက်ဆံပေးတဲ့သူရဲ့နောက်ကွယ်မှာ မလုပ်သင့်ဘူးဆိုတာသိပေမဲ့ မဖြစ်မနေစုံစမ်းရမည်ပင်။

ဘုန်းမြတ်မောင်သည် မြင်ကွင်းမှပျောက်ကွယ်သွားသည်နှင့် အပေါ်ထပ်သို့ ဦးတည်လိုက်သည်။ ထို့နောက် လေးလံသောခြေလှမ်းများဖြင့် သွားမိသည့်အခန်းကတော့ ကိုကို့အခန်း။

ကိုကို... ခွင့်လွှတ်ပါဗျာ..

နေ့ခင်းကလူတစ်ယောက်လာပေးသည့်စာအိတ်ကို ဘုန်းမြတ်မောင်တွေ့တွေ့ချင်း မျက်နှာပျက်သွားသည့်အပြင် တုန်လှုပ်နေသည်ကို ဝေယံသတိပြုမိလိုက်သည်။

ဘယ်သူပေးလိုက်တဲ့စာလဲ?? ဘာအကြောင်းမို့လို့အဲ့လိုဖြစ်သွားတာလဲ?? သိချင်မိသည်။ လူ့စိတ်လို့ပဲပြောရမလား ဖုံးကွယ်ထားသည့်အရာဆိုသိချင်မိတာကလေ...

မမနွယ်လည်း အိမ်မှာကိစ္စရှိလို့ပြန်သွားတာဆိုတော့ အခုအိမ်မှာငါတစ်ယောက်ထဲ ဒါကနှစ်ခါမရတဲ့အခွင့်အရေးပဲ...

‌ဘုန်းမြတ်မောင်နှင့်အတူ‌နေနေသည်မှာ သုံးလနီးပါးရှိ‌တော့မည်ဖြစ်သော်လည်း ကိုကို၏ခွင့်ပြုချက်မရဘဲကိုကို့အခန်းထဲသို့တစ်ခါမှမဝင်ဖူးချေ။ ကိုကိုရှိနေတဲ့အချိန်တောင် လွယ်လွယ်မဝင်ဖူး။ ဘုန်းမြတ်မောင်အခန်းသည် ယောက်ျားလေးတစ်ယောက်နေသောအခန်းနှင့်မတူရအောင် သန့်ရှင်းပြီး ပစ္စည်းများကလည်း သူ့နေရာနှင့်သူ နေရာတကျ။ ရှုပ်ပွနေခြင်းလည်းမရှိ။

အချစ်ဦး (First Love)Where stories live. Discover now