ပန်းချီကားလိုက်ပြမည်ဟူသော ဘုန်းမြတ်မောင်၏ကတိစကားအရ ဝေယံသည် အပျော်ကြီးပျော်နေခဲ့တဲ့သူ...
သူမျှော်လင့်ခဲ့တဲ့နေ့ကတော့ ရောက်လာခဲ့လေပြီ။"ဝေယံ သွားကြမယ်"
ကားတံခါးဖွင့်ပေးရင်း ဆိုင်ထဲမှဝေယံ့ကို လှမ်းခေါ်သည်။
ဝေယံကလည်း ကားထဲသို့ ပြေးဝင်လိုက်သည်က ဂေါ်လီလုံးလေးအလား။ ထုံးစံအတိုင်း ဘုန်းမြတ်မောင်ကတော့ အပြုံးပန်းပန်ဆင်ရင်း။
"ကိုကိုပြောတဲ့ပန်းချီကားက ဘယ်မှာလဲဟင် ကားနဲ့တောင်သွားရတယ်ဆိုတော့"
မေးလေးထောက်ရင်း မေးလာသည့်ဝေယံ။
"မြို့ပြင်နားမှာရှိတဲ့နေရာလေးလေ အဲ့တော့ ကားနဲ့သွားမှရမှာလေ"
"ဒါနဲ့ ပန်းချီကားပြမှာဆို ဘယ်လိုလုပ်နေရာဖြစ်သွားတာလဲဗျ"
"ရောက်ရင်သိလိမ့်မယ်"
ဘုန်းမြတ်မောင်ကတော့ လျှို့ဝှက်ဆဲ။ ဝေယံကတော့ စိတ်ဆိုးသွားဟန်ဖြင့် နှုတ်ခမ်းကြီးဆူကာ ကားပြတင်းပေါက်ဘက်လှည့်သွားလေသည်။
၁နာရီလောက်မောင်းပြီးတဲ့အချိန်တွင် ဘုန်းမြတ်မောင်၏လျှို့ဝှက်ဆန်သောနေရာသို့ရောက်ရှိခဲ့လေပြီ။ အိပ်မက်ကမ္ဘာထဲရောက်နေသူကတော့ဝေယံ။ ရောက်လို့ရောက်မှန်းတောင်မသိ အိပ်လို့ကောင်းတုန်း။
"ဝေယံရောက်ပြီ"
အိပ်ချင်မူးတူးဖြင့် ကားထဲကထွက်လာပြီး ကားခေါင်မိုးနှင့်က ဆောင့်လိုက်သေးသည်။
"အား..."
"ဝေယံရယ် ဂရုစိုက်လေ... ပြပါအုံး တော်တော်လေးနာသွားတာလား"
မိမိ၏ခေါင်းလေးကိုပွတ်ပေးရင်း မေးလာသည့် ဘုန်းမြတ်မောင်ကြောင့် ဝေယံတစ်ယောက်မျက်နှာကြီးနီလာမိသည်။
ဘာလို့ဒီလောက်တောင်နီးနေရတာလဲဟ... ငါသာခေါင်းမော့လိုက်ရင် ကိုကို့ရဲ့နှုတ်ခမ်းနဲ့ ကွက်တိ...
ငေးမောတွေးတောနေသည့်ဝေယံကို သတိထားမိတော့ ဘုန်းမြတ်မောင်သည် ဘာတွေးတွေနေတာလဲ ဟူသော မျက်နှာဖြင့် ကြည့်နေသော်လည်း ဝေယံ့ဆီက စကားပြန်မလာ။