< ၁၈ > ❤️‍🩹

11 0 0
                                    

နိုးထလာရသောမနက်ခင်းသည် မိုးအကုန်ဆောင်းအကူးဖြစ်၍ ရာသီဥတုမှာ ပို၍အေးလို့လာချိန်ဖြစ်၍ တစ်ယောက်သောသူမှာ အိပ်ရာထဲမှမထနိုင်သေးပေ။ သို့သော် တံခါးဖွင့်သံကြောင့် အိပ်ရာထဲမှ မထချင်ထချင်ဖြင့် ထရသည်။ မိမိအခန်းတံခါးဖွင့်ဖွင့်ချင်း ရှင်းသန့်မောင်နှင့် တန်းတိုးမိသည်။ ကြားလိုက်ရသည့်ဆူငေါက်သံ။

"ဟိန်းမင်းထက်!! အခုဘယ်နှစ်နာရီရှိပြီလဲ သိလား??"

မမှိတ်မသုံဖြင့်ကြည့်လာကာ...

"ဘယ်နှစ်နာရီမို့လို့လဲ??"

"၁၀နာရီထိုးနေပြီကွ!! ၁၀နာရီ!! မင်းဒီအချိန်ထိအိပ်နေရင် ကြာရင်ဦးနှောက်ပျက်လိမ့်မယ်ကွ စောစောထတဲ့အကျင့်ကိုလုပ်စမ်းပါ... ငါနှစ်ရက်လောက်အိမ်မှာ မရှိတာနဲ့ အချိုးတွေကပြောင်းနေပြီ"

ပါးစပ်မှပွစိပွစိပြောရင်း မီးဖိုခန်းဆီသို့ ပြန်သွား‌နေသော ရှင်းသန့်မောင်နောက်သို့ ဟိန်းမင်းထက်မှာ ယိုင်တိယိုင်တိုင်ဖြင့် ထပ်ကြပ်မကွာလိုက်လာ၏။ ဈေးမှဝယ်လာခဲ့ဟန်တူသည့်ဟင်းရွက်ထုပ်များအား စားပွဲပေါ်သို့ ထုတ်နေသည့် ရှင်းသန့်မောင်ကို ကျောဘက်မှနေ၍ သိုင်းဖက်လိုက်ရင်း...

"သန့်သန့်~~"

"ဘာလုပ်တာလဲ?? သွား... ဖယ်စမ်း!! အလုပ်ရှုပ်နေတာမ‌တွေ့ဘူးလား?? ဒီနေ့မှ ဘာဖြစ်လို့ အဲ့လောက်လိုက်ကပ်..."

သိုင်းဖက်လာသည့်လက်ကို ဖြုတ်ချလိုက်ကာ ဆူငေါက်လိုက်ပြီး နောက်လှည့်၍ထပ်ဆူရန်ပြင်လိုက်ချိန်တွင် တွေ့လိုက်ရသည့်ပုံစံကြောင့် ပြောလက်စစကားမှာ ရပ်တန့်သွားရသည်။

"ဟိန်းမင်းထက် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား??"

သေသေချာချာကြည့်မိတော့မှ ဟိန်းမင်းထက်၏ဖြူဖတ်နေသည့်အသားအရေနှင့် နွမ်းလျနေသည့်မျက်နှာကြောင့် ရှင်းသန့်မောင်ရင်ထဲဒိန်းခနဲဖြစ်သွားရသည်။ ‌လက်ဖြင့်မျက်နှာကိုစမ်းကြည့်လိုက်လေရာ...

"ကိုယ်ပူနေပါ့လား မင်းငါ့ကိုဘာလို့မပြောတာလဲ?? အိမ်မှာဆေးရှိတယ်မှတ်လား ဆေးသောက်ပြီးပြီလား??"

အချစ်ဦး (First Love)Where stories live. Discover now