"ချစ်ပါရစေတေ့ာကွယ်" ___ အခန်း ၂
သီတင်းကျွတ်ပြီဖြစ်၍ ရွာထဲမှ လူငယ်ဒိုးပတ်ဝိုင်းမှအတီး၊အမှုတ်များ လေ့ကျင့်နေသံ ကြားရသည်။
အနုပညာကို စွန့်လွှတ်ခဲ့ရသည့် စန္ဒရားဆရာလေး အဖေ့ရင်ထဲမှာ ခုနေဘယ်လိုနေမည် မသိ။ အဖေ့သွေးအပြည့်ပါသော
စုကတေ့ာ တီးသံ မှူတ်သံတွေ ကြားရတာ သီချင်းဆိုချင်စိတ်ကို ဖြစ်စေသည်။ သို့သော် အဖေမကြိုက်သည့် အလုပ်ကို
အဖေ့ရှေ့တင် မျက်နှာပြောင်နဲ့ စုမလုပ်ရဲပါ။ မဖေစိတ်ညစ်မှာ စု ကြောက်ပါသည်။ ညနေစာချက်ရန်သာ ပြင်ဆင်ထားလိုက်တေ့ာမည်။အဖေယာခင်းထဲက ခူးလာခဲ့သော ဖရုံရွက်နုလေးများအားသင်နေရင်း
အိမ်ရှေ့မှ စုရေ...ဟုခေါ်သံကြားလိုက်ရသည်။
စု ကမန်းကတန်းပင် အိမ်ရှေ့ပြေးထွက်မိသည်။
ထင်ထားသည့်အတိုင်း သူငယ်ချင် "အေး" ရောက်လာပြီဖြစ်သည်။ နှစ်ယောက်လုံး ဝမ်းသာလွန်း၍ ပြေးဖက်မိသည်။"စု..ရယ် အခုထိ သေးသေးလေးပဲ အခုထိလည်း ဖြူပြီး နုနေတုန်းပဲ သတိရလိုက်တာ မပြောပါနဲ့တေ့ာ'
" အတူတူပဲ သတိရနေရတာပါလို့မပြောတေ့ာပါဘူး နော် မပြောပါနဲ့ဟာဆိုလို့"
"ဟင်းချက်မလို့ ပြင်နေတာ
မီးဖိုခန်းဘက်သွားရအောင် လေ"" သည်မှာ လက်ဆောင်တွေ သိမ်းဦး.. ဦးလေးဖို့လည်း မုန့်တွေပါတယ်"
"ထမင်းစားသွားနော် ဖရုံရွက်နုလေးတွေ ကြော်မလို့
ငါးကလေးနဲ့ ချဉ်ပေါင်နဲ့လည်း အိုးကပ်လေး ချက်ဦးမှာ""စားဦးမှာ စု လက်ရာ စားပြီးမှကို ပြန်မှာမို့အိမ်ကို ကြာဦးမယ်လို့
မှာခဲ့တယ် ငါ အငတ်ပိုတယ် မဟုတ်လား "သူငယ်ချင်း နှစ်ယောက်ရဲ့ ရယ်သံတွေ မီးဖိုချောင် တစ်ခုလုံးဖုံးလွှမ်းသွားခဲ့သည်။
+++++
မနက်ဖြန် အေးနဲ့အတူ ရန်ကုန်လိုက်သွားရတေ့ာမည်။
အေး' ကိုရော မိမိကိုရော အဖေ အထပ်ထပ်အခါခါမှာနေတာ ဂရုစိုက်ဖို့နဲ့ တစ်ခုခုဆို အကြောင်းကြားဖို့ရယ်
အဆက်အသွယ်အမြဲလုပ်ဖို့ရယ် ဖြစ်သည်။။
မြို့တွေမှာ ဖုန်းဆက်၍ ဆက်သွယ်ဖို့ရာရှိပေမယ့် ရွာမှာတေ့ာမရသေးပေ။ တစ်ခုခုဆို စာနဲ့သာ ဆက်သွယ်နေရတုန်းပင် ဖြစ်သည်။
ထုတ်မပြောပေမယ့်အဖေစိတ်ပူနေတာ မျက်နှာမှာ ပေါ်လွင်နေသည်။ တစ်ခါမှ မခွဲဘူးသောသမီးကြီးနှင့်ခွဲခွါရသည်မဟုတ်ပါလား။ သည်အချိန်မှာ အမေ့ကို အဖေ သတိရနေမှာပေါ့။ အမေသာ ရှိရင် စုလည်းသွားရ လာရတာ ပိုစိတ်ဖြောင့်မိမှာပင်။ အမေ့ကို တမ်းတမိရသည်။ စုက မသွားဘူးဆိုတုန်းကလည်း အိမ်ထဲက အိမ်အပြင် ထွက်ခဲလှသလောက်သွားမယ့်သွားတေ့ာလည်း ရွာနဲ့ဝေးသော မြို့တော်ကြီးထိ
စွန့်စားသွားမိသည်။ ရန်ကုန် သွားရတာ စွန့်စားတယ်ပြောလို့
သူများတွေရယ်ကြမလား မသိပေမယ့်
အညာသူ စု အတွက်တေ့ာ ရန်ကုန်ကိုသွားရခြင်းသည် စွန့်စားခြင်း ဖြစ်သည်။
![](https://img.wattpad.com/cover/348873912-288-k379501.jpg)