'ချစ်ပါရစေတေ့ာကွယ် '____ အခန်း ၁၀
'ပြန်လာပြီလား မြင့်မိုရ် နောက်ကျလိုက် တာ'
"ဘာဖြစ်လာတာလဲ မျက်နှာလည်းမကောင်းဘူး'
'သူငယ်ချင်းတွေနဲ့ ပြသနာ ဖြစ်လာတာလား
ဒဏ်ရာတွေ ဘာတွေ ရလာသေးလား 'ဘာမှပြန်မပြောဘဲ သူမကိုပဲကြည့်နေတဲ့ မျက်ဝန်းတွေက ဖျော့တေ့ာနေ၏
ဘာတွေဖြစ်နေတာ လဲ ဒီကလေး'မမ '
'ပြောလေ ဘာပြောချင်လို့ လဲ'
ဘာမှမပြောဘဲ သူမအနားတိုးကပ်လာတဲ့ သူ့ကြောင့်ရင်ထဲတမျိူးကြီးဖြစ်လာရသည် ဘယ်လို ခံစားချက်ကြီးလဲမသိတေ့ာပါဘူး။
'သူငယ်ချင်းတွေနဲ့တွေ့လာတာ ခနပဲတွေ့ပြီး အိမ်ကိုပြန်တာဖေ့ဖေ့မိန်းမနဲ့ပဲ တွေ့ခဲ့တယ် '
'ဪ အဲ့ဒါကြောင့်း...'
မမ ဖြတ်မေးတာကို သူ လက်ကာပြလိုက်ပြီး
'ဖေဖေကတေ့ာ သူ့ သစ်ဆိုင်မှာ ကူညီစေချင်သလိုပဲမြင့်မိုရ်ဝါသနာမပါတာရော အခြားကိစ္စတစ်ခုရောကြောင့်
မလုပ်ချင်လို့...သင်တန်းသွားခဲ့တာ ဆရာ့သင်တန်းကျောင်းမှာပဲ စာပြန်သင်မလို့ ''စာသင်ရတာကော ဝါသနာ ပါလား'
'စာရင်းကိုင်ပညာ သင်ရတာလေ မြင့်မိုရ် စာတွေကိုကျေညက်ပြီးသား သင်တတ်တယ် အဆင့် 1,2,3 ရှိတာ
အားလုံးပြီးသွားပြီလေ မမရဲ့ မြင့်မိုရ်အလုပ် လုပ်တေ့ာမှာ''ကောင်းတာပေါ့ မြင့်မိုရ်က သိပ်တော်တာ ပဲ'
'ဒါနဲ့ ဘာလို့ မျက်နှာကမကောင်းရတာလဲ သစ်ဆိုင်ကို မဦးစီးချင်တဲ့အခြားကိစ္စကရော တို့ကို အစ်မလိုသဘောထားရင်
ပြောလို့ရပါတယ် ဆန္ဒ ရှိရင်လေ "'မမ ထမင်းစားပြီးပြီလား '
'ဟင့်အင်း '
'ဒါဆိုစားရအောင် အပြင်ကစားမလာခဲ့ ဘူး'
+++
'မြင့်မိုရ်ထမင်းချိုင့်ကတေ့ာ အမြဲတမ်း စနှစ်တကျပဲနော်မြင့်မိုရ်အမေက စည်းစနစ်ကြီးမယ့် ပုံ'
'အမေ မဟုတ်ပါဘူး မမလေ'
သူ ချစ်နေရတဲ့ သူ့ချစ်သူ လို့တေ့ာ မပြောဖြစ်တေ့ာပါဘူး။ လူတိုင်းလက်ခံနိုင်မှာမဟုတ်တာကို ဂရုစိုက်လှတယ်မဟုတ်ပေမယ့်
လူတိုင်းကိုလိုက်ပြောနေစရာမလိုဘူးဟုလည်း ထင်ပါသည်
ထမင်းချိူင့်ထည့်လာတဲ့ဆွဲခြင်းကို စားပွဲပေါ်တင်ရင်းပြုံးနေမိသည်။
