အခန်း ၅

2.5K 168 0
                                    

"ချစ်ပါရစေတေ့ာကွယ်"___  အခန်း ၅

" ဦးလေး ကားကို (.......)ကိုပဲ မောင်းပေးပါနော်"

"အဝေးကြီးသမီးတို့ ၊

"ဟုတ်ကဲ့ ကျသင့်သလောက်ပေးမှာပါ"

"အိမ်မှာက အဖေ့မိန်းမရှိတယ် အဖေ အဲ့မိန်းမနဲ့ လက်ထပ်ကတည်းက ပြောရရင် မြင့်မိုရ် ပထမနှစ် စတက်ကတည်းက
တိုက်ခန်းမှာ နေခဲ့တာ အစတုန်းက ငှားထားတာလေ
နောက်မှမငှားတေ့ာဘူးရောင်းမယ်ဆိုတေ့ာ ဝယ်ဖြစ်သွားခဲ့တာ "

ထူးထူးဆန်းဆန်း စကားတွေ စိတ်လိုလက်ရပြောလာတာမို့စု သူ့စကားကို စိတ်ဝင်တစား နားထောင်နေလိုက်သည်

"အေး နဲ့က ဘယ်လိုတွေ့ကြတာလဲ"

သူ့မျက်နှာကိုကြည့်နေတာမို့ သူ တစ်ချက်ပြုံးလိုက်တာကို မြင်ရသည်စိတ်ထဲမှာ အေးကိုတောင် ကျေးဇူးတင်ရ သည်
သူ ပြုံးတာ မြင်ရခဲဘိခြင်း....

"တိုက်ခန်း ငှားတဲ့ကြော်ငြာကို တွေ့တာလေ လမ်းမီးတိုင်မှာကပ်ထားတာကို ဖတ်မိတာနဲ့ သွားကြည့်ခဲ့တာ
မမအေးကလည်း အဲ့ကြော်ငြာကြောင့် မြင့်မိုရ်နဲ့ ရှေ့နောက်ပဲ ရောက်ချလာတာ စကားပြောကြည့်တေ့ာအဆင်ပြေတာနဲ့
နှစ်ယောက်အတူတူ ငှားဖြစ်သွားတာ မိဘအိမ်က စထွက်လာခါစ ကိုယ့်အတွက် ပိုအဆင်ပြေသွားတယ် "

"ဟို ဟိုလေ ..."

စု မေးရမလို မမေးဘဲနေရမလိုနဲ့ ပါးစပ်ကမထွက်ကိုယ့်ထက်ငယ်ပေမယ့် သူ့ကို ရှိန်နေမိသည် သို့သော်သူက စု မေးချင်တာကို သဘောပေါက်စွာ ခေါင်းတစ်ချက်ငြိမ့်ပြ၏

"တကယ်တေ့ာ အခုမြင့်မိုရ်တို့ အတော်အသင့်ချမ်းသာတယ်ဆိုတာ မေ့မေ့အမွေတွေလေ အဖေ့ဘက်က ဘာစီးပွါးရေးမှမပါခဲ့ဘူး ဒါမဲ့ အမေက အသက်မရှည်ရှာဘူး....
အဖေကကြိုးစားလို့ ထိန်းသိမ်းနိုင်လို့လည်း အခြေမပျက်တည်ရှိခဲ့တယ်ဆိုပေမယ့် ဘာမှမဆိုင်တဲ့ မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်
တင်လာတယ် မေ့မေ့စည်းစိမ်ပေါ်မှာလေ

..သိရသလောက်တေ့ာ အဖေ့မိန်းမက အပျိူကြီး ပါ
အခု အစ်ကိုဆိုတာက ဘယ်က ပေါ်လာသလဲမသိတေ့ာပါဘူးစိတ်မဝင်စားဘူးဆိုပေမယ့် မေ့မေ့စည်းစိမ်တွေကိုတေ့ာ
ပစ်စလက်ခတ်မဖြစ်စေချင်ဘူး အဲ့ဒါကြောင့် သွားဖို့ ဆုံးဖြတ်လိုက်တာ နောက်မှလိုက်ပို့မယ် နော် '

"ချစ်ပါရစေတေ့ာကွယ်"Where stories live. Discover now