'ချစ်ပါရစေတေ့ာကွယ်' ____ အခန်း ၁၁
ကိုကိုနဲ့အတူ အဖေကိုယ်တိုင်ရောက်ချလာပြီး လာခေါ်တာမို့
ဖေ့ဖေ့အိမ်ကို ရောက်လာရသည်'သီတာရေ သားနဲ့ သမီးအတွက် စားစရာတစ်ခုခုစီစဉ်ပြီးအပေါ်ထပ်လာပို့ပေးပါဦး
မန်နေဂျာလာရင်လည်း အပေါ်လွှတ်လိုက်နော် '
'ဟုတ်ကဲ့ အစ်ကို'
'သားအစစအရာရာ အဆင်ပြေရဲ့ လား
ဘာပဲဖြစ်ဖြစ် ဘာအခက်အခဲပဲရှိရှိ ဖေ့ဖေ့ကို ပြော 'ကိုကို့ကိုပြောပြီးတာနဲ့ ဖေဖေက ကိုယ့်ဘက်လှည့်လာသည်
'သမီးကတေ့ာ အဓိကပဲ အခုထိလည်း အဆင်ပြေတယ်မလား လုပ်ချင်တာလုပ်ပြီး အဆင်ပြေတယ်ဆိုတဲ့ မာနတွေနဲ့လေ '
သူ့အနေနဲ့ အဖေတစ်ယောက်ဖြစ်ပြီး အဖေတစ်ယောက်ရဲ့ဩဇာမလွှမ်းမိုးနိုင် အပစ်တွေရှိခဲ့တာလည်း ဝန်ခံပါသည်
သို့သော်အသက်အရွယ်ရလာတဲ့အခါ တေ့ာ သားနဲ့ သမီးနဲ့
မြေးတွေကလေးတွေနဲ့ နေချင်လာသည်'ဒေါက် ဒေါက် '
ဖေဖေကဝင်ခဲ့ဖို့ပြောမှ အန်တီသီတာက လင်ပန်းတစ်ချပ်ကိုင်လျက်ဝင်လာသည် ကော်ဖီနှင့် မုန့်ပန်းကန်တွေကို
စနစ်သကျချခဲ့ပြီး ပြန်ထွက်သွား သည်သူ ခုမှသေချာကြည့်မိသည် ဖေ့ဖေ့မိန်းမမျက်နှာသည် ပကတိတည်ငြိမ်လျက် မမလို ပုံစံမျိူး
ကိုယ့်အတွေးကိုမနှစ်ခြိုက်စွာ ခေါင်းခါရမ်းမိသည်
သူ့ကိုသူ စိတ်တိုမိတာအမှန် ဘာမှမဆိုင်ဘူး ဒီမိန်းမကြီးက
ငွေမက်တဲ့မိန်းမကြီးဟု ကလေးဆန်ဆန်တွေးပစ်လိုက်သည်။'သမီး ဘာဖြစ်နေတာလဲ '
'ဘာမှ မဖြစ်ပါဘူး ဖေဖေ'
'ဆရာ ကျွန်တော်ရောက်ပါပြီ"
'အေး ဝင်ခဲ့ '
'လာ မောင်စိုး သည်မှာ ဆရာ့ သားနဲ့ သမီး လည်းရောက်နေတယ် ဒီဘက်က အန်ကယ့်သား
ဟုတ်ကဲ့ ကျွန်တော် ကျော်သူဦးပါ '
ကိုကိုက ရည်မွန်စွာနုတ်ဆက်နေသည်။
သူကတေ့ာ မျက်မှန်းတန်းရုံသိပြီးသားမို့ ခေါင်းသာဆတ်ပြလိုက်သည်