အခန်း__အခန်း၂၅

2.7K 126 0
                                    

'ချစ်ပါရစေတေ့ာကွယ် '___အခန်း ၂၅

ဘဝရဲ့ အချိူးအကွေ့တိုင်းကို ရင်ဆိုင်ဖို့ သတ္တိလိုတယ်ထင်ခဲ့တာ တကယ်တော့ ချစ်ခြင်းမေတ္တာကလည်း အခက်အခဲတွေကို ရင်ဆိုင်ဖို့ ခွန်အားရခဲ့တာ ပဲမဟုတ်လား...
မမ မရှိရင် သူ ဒီအခြေအနေထိ အောင်မြင်နေဖို့ မလွယ်ပါ
ခက်ခဲခဲ့တဲ့အချိန်တွေတိုင်းမှာ မမ သူ့အနား အမြဲရှိခဲ့သည်

သင်တန်းကနာမည်ရမယ်ပဲ ရှိသေး စာချူပ်လည်းပြည့်ရော
ထပ်မငှားဘူးဟု မျက်နှာပြောင်ခဲ့တဲ့ အန်တီကြီးတွေနဲ့
တကယ့်တကယ် ပြသနာတက်လာချိန်မှာ ငွေရဖို့ကလွဲရင်
ဘာမျက်နှာမှမထောက်တဲ့ပွဲစားအန်တီကြီးတွေမျက်နှာကို
ပြန်တွေးမိတေ့ာ ဒေါသက ထွက်လာပြန်သည်

စုထားသမျှပိုက်ဆံတွေ ခြစ်ကုတ် ပြီး တစ်ဝက်ငွေချေပြီး
ကျန်တစ်ဝက်ကို ခနလဆိုင်းဖို့ ရအောင် ညှိယူနိုင်ခဲ့တဲ့ မမပါ
ကိုယ်ပြောနေတုန်းက လက်မခံကြဘဲ မမပြောတေ့ာလက်ခံခဲ့ကြတာ စကားပြောအတတ်ပညာကွာတာလားတေ့ာ မသိ

အခုချိန် ဘာအတွက်မှ မပူပင်ရတေ့ာတဲ့အချိန်ကျမှ
မမ မိသားစုက ပြန်လည်ဆက်သွယ်လာခဲ့တာ
မတွေ့ရပြီဖြစ်တဲ့ သူတို့သမီးကြီး သူတို့အစ်မကြီးကို
တွေ့ချင်လို့တဲ့ ဟင့်အင်း ပြန်မလွှတ်ရင် ဘယ်လိုလုပ်မလဲ
အတူတူနေလာတာကြာပြီဆိုပေမယ့် မမကိုဆုံးရှူံးရမှာကိုတေ့ာ ကြောက်တတ်ဆဲပါပဲ ။

ပြတင်းပေါက်ဘက်ကို မျက်နှာမူလျက် သူထိုင်နေတာကြာပါပြီ မျက်နှာကတည်လိုက် တင်းလိုက် မျက်ခုံးစုကျူံ့သွားလိုက်နဲ့ဘေးတိုက်မြင်နေရတဲ့သူ့ကို သူမ ကြည့်နေတာကိုတောင်
သတိမထားမိအောင်ထိ အတွေးနက်နေပုံပါပဲ

ပြီးခဲ့တဲ့အပတ်တုန်းကလည်း မမရေ လုပ်ပါဦး ကိုယ့်ခေါင်းမှာ အဖြူမွှေးတွေ့တယ်ဟု ဆိုကာ အလန့်သကြားလာပြတာမို့ သူမကိုယ်တိုင် တစ်သက်နဲ့တစ်ကိုယ် မရောက်ခဲ့ဖူးတဲ့
အလှပြင်ဆိုင်ကို ရောက်ခဲ့ရသည်

အသက်က ကြီးပြီးဆိုတေ့ာ အရောင်ငြိမ်တာလေးဆိုးပေးဟုဆိုကာ ဆံပင်ကို အရောင်ဆိုးသတဲ့

အနက်လိုလို မနက်တာလိုလိုနဲ့ သူတို့ဆံပင်အရောင်ကို သူမမခေါ်တတ် အလှပြင်ဆိုင်က ကောင်မလေးတွေက သူတို့ အာမခံပါတယ် လှစေရမယ်ဟု ဆိုကာသူ့ဆံပင် ခပ်တိုတိုကို
ကောက်ပေးလိုင်တာမို့ ပိုကြည့်ကောင်းလာတာ အမှန်
ဆံပင်ကောက်ကောက်လေးတွေ စုစည်းထားပုံလေးကိုက
ယောက်ျားတစ်လေးတစ်ယောက် မိန်းမချော ချောပုံမျိူးမို့
သိပ်ကြည့်ကောင်းလှ သည်

"ချစ်ပါရစေတေ့ာကွယ်"Where stories live. Discover now