အခန်း ၁၈

2K 120 1
                                    

'ချစ်ပါရစေတေ့ာကွယ်' ____  အခန်း ၁၈

'မမတို့ ပြန်တေ့ာ မလို့လား ခနနေဦး ကျွန်တော်ဓာတ်မီး သွားယူပေးမယ် '

'လသာ နေတာထိန်နေတာပဲ ကိုလတ်ရယ် ရပါတယ် '

'မန်ကျည်းပင်တွေအောက်ကျ မှောင်မှာ မမရဲ့ကျွန်တော့်သူငယ်ချင်း လိုက်ပို့ခိုင်းရင်တောင်ကောင်းမလားမသိဘူး  '

'ရပါတယ်ဆို လုပ်မနေနဲ့ မမ... ခင်ဗျားကို ဟိုလူက ခုထိကြိုက်နေတုန်း '

'ဟယ် ဒီကောင်လေး ကိုယ့် အစ်မကို '

စု စိုးရိမ်တကြီး သူ့ကို လှည့်ကြည့်လိုက်မိသေး၏

'တကယ် မမရ ကျွန်တော်က အဖေသီချင်းဆိုမှာစောင့်ကြည့်ရမှာမိူ့လို့အဖေ့ကို လူကြီးတွေက အတင်းဆိုခိုင်းနေတာ '

'ကဲပါ ဒီမှာ ဓာတ်မီးလည်း ပါတာပဲ ဘာမှ စိတ်မပူနဲ့မမတို့ သွားတေ့ာမယ် '

သူမတို့ လမ်းတစ်ဝက်အရောက်မှာ နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရည်တပြင်တည်း  သီချင်းသံကို စကြားရသည် ။

တီးလုံး သံကို စကြားရကတည်းက ငိုချင်တာလိုလိုပျော်ရွှင်တာလိုလိုနဲ့ သီချင်းသံဟာစိတ်ကိုခံစားမှုတစ်ခုပေးစွမ်းတာတေ့ာအမှန်ဖြစ်သည်။

"လက်ရည်တပြင်တည်း ××× နှီးဒေါင်းလန်းတွေနဲ့
ဝိုင်းဖွဲ့ကာ စားကြပြန်သည်××× မြမဒီခင် ခပ်ငယ်ငယ်တုန်းက
မြူးပျော်ကြ တေးဆိုကြ

ဟေ့ သူငယ်ချင်းရေ တို့ နယ်ပယ်တွင် မိုးသက်ကယ်ဆင်
ရှစ်ခွင်ကမည်း...×××

မိုး ရွာမလိုလိုနဲ့ပင် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် ရှေးကထက် ပိုချစ်ကြတယ် '×××

အဖေ့အသံက ယောကျာ်းပီသစွာ ကြည်လင်လျက် နားဝင်ချိုလှသည်

သီချင်းကမြင့်မိုရ်အတွက်  မစိမ်းပေမယ့် မရင်းနှီးပါ
သို့သော် စာသားတစ်လုံးချင်းစီက ပီသကာ နားထောင်ကောင်းလှတာမို့ အေးချမ်းတဲ့ လအလင်းရောင်အောက်မှာ
သူတို့ စကားမပြောဖြစ်ကြဘဲ သီချင်းနားထောင်ရင်းလမ်းလျှောက်လာခဲ့ကြသည်

တိတ်ဆိတ်နေတဲ့ ညခင်းနဲ့  သီချင်းဟာ လိုက်ဖက်လွန်းနေ၏
တီးလုံးအပြီးမှာ သီချင်းဆိုသံက ပြန်ကြားရတာမို့သူ နားစွင့်ထားမိသည်

"ချစ်ပါရစေတေ့ာကွယ်"Where stories live. Discover now