အခန်း ၁၅

2.1K 123 0
                                    

ချစ်ပါရစေတေ့ာကွယ်' အခန်း ၁၅

နေ့ခင်းဘက်ဆို ရာသီဥတု ပူပြင်း
လှတာမို့ မြင့်မိုရ်တို့မိသားစု ယနေ့ ည ကားနဲ့ထွက်လာမှာဖြစ်သည်။
ကားများမောင်းနေရမလား အိပ်ငိုက်နေမလား ပူပန်စိတ်ကြောင့် အိပ်ရတာစိတ်မဖြောင့် ...ရန်ကုန်မှာတုန်းက
သူမကို အကြာကြီးလာမတွေ့တာ ဖုန်းခေါ်လို့မရတာတွေကြောင့် စိတ်ကောက်နေပေမယ့် မနက်ဖြန်တွေ့ရတေ့ာမှာပါလားဆိုတဲ့ အသိကြောင့် ရင်ခုန်မိပြန်သည်..သူ့ကိုတွေးလိုက်ရုံနဲ့ပင် သူမကိုရင်ခုန်သံမြန်စေသူလေး...ပါလေ

မိုး မြန်မြန်လင်းစေချင်တေ့ာသည်.....။

'သားက ကား
မောင်းလို့ ဘယ်ဖြစ်မလဲ
ရှေးထုံးလည်း မပယ်နဲ့တဲ့ သတို့သားလောင်းဆိုတာရေမကူးရဘူး အမြင့်မတက်ရဘူး '

'ရပါတယ် ဖေဖေရဲ့ ခုက ကားမောင်းတာလေ သစ်ပင် ..

အန္တရယ်များလို့ ပြောနေတာ မမောင်းရဘူး

"မြင့်မိုရ် မောင်းပါ့ မယ် '

'အေး သမီးမောင်း လို့က ရတယ် '

'ကလေးတစ်ယောက်တည်းမောင်းလို့ ဘယ်ဖြစ်မလဲ ခရီးအဝေးကြီး ကို ဒရိုင်ဘာခေါ်ခဲ့ဖို့ ပြောနေတာကျအစ်ကိုက လက်မခံဘူး '

ဒေါ်သီတာ စိတ်တိုလှကာ ကြားဝင်၍ ပြောမိသည်မြင့်မိုရ်လေးကရော သူ့သမီးမဟုတ်ဘူးလား

တစ် သားတည်း သားနေတာ အမြင်ကတ်စရာ...

အေး ဒရိုင်ဘာ ခေါ်ခဲ့လိုက် '

နောက်ဆုံးတေ့ာ အန်တီသီတာရဲ့ ဒရိုင်ဘာ
ခေါ်ခဲ့ဖို့ပေးတဲ့အကြံကအောင်မြင်သွားသည်
မြင့်မိုရ်ကတေ့ာ ကားမမောင်းရရင်
အိပ်လိုက်မယ် လို့ တွေးထားသည်။
ထွက်ခါနီးမှ ဒရိုင်ဘာကို စောင့်နေ
ရပြန်သည်။ သူ့စိတ်က ရောက်ချင်ဇောများနေလားမသိပါ။ သူကလွဲရင်အားလုံး နှေးလွန်းလှသည်။

'ဦးလေး' ဝင်း' ရေ အိပ်ငိုက်ရင် ပြောနော်
မြင့်မိုရ်တစ်လှည့် မောင်းပေးမယ် '

'အားး ညောင်းလိုက်တာ '

'ဘယ်ရောက်ပြီလဲ ဦးလေးဝင်း'

'၁၁၅ မိုင်ကျော်လာပြီ သမီး
ဦီးလေးဝင်းပဲ မောင်းတေ့ာမယ် ဟိုဘက်ကျ သမီးကဖြစ်မှာမဟုတ်ဘူး ရောက်တေ့ာမှာ ပါ '

"ချစ်ပါရစေတေ့ာကွယ်"Where stories live. Discover now